• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်ကျိုး၊ ရှင်ကျင့်၊ ဟောင်ကောင် မြန်နှုန်းမြင့်ရထားလိုင်းဖွင့်လှစ်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးရေး အခြေအနေသစ်တွင် ဟောင်ကောင်ပါဝင်ရန်အတွက် အကျိုးရှိ

(GMT+08:00) 2018-09-20 14:13:23

တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသကြား အခြေခံအဆောက်အအုံတည်ဆောက်ရေး၏ အရေးကြီးသည့်အစိတ်အပိုင်းဖြစ်သည့် ကွမ်ကျိုး၊ ရှင်ကျင့်၊ ဟောင်ကောင် မြန်နှုန်းမြင့်ရထားလိုင်းကို ယခုလ ၂၃ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ ယင်းသည် ဟောင်ကောင်ဒေသတွင် မြန်နှုန်းမြင့်ရထားခေတ်သစ် သို့ ဝင်ရောက်နေပြီဟု ပြသနေကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံတော်ကောင်စီ ဟောင်ကောင်၊ မကာအိုရေးရာရုံး ဥက္ကဋ္ဌ ကျန်းလျှော်မင် က မကြာခင်ရက်များက သတင်းထောက်များနှင့် တွေ့ဆုံခဲ့ရာတွင် ကွမ်ကျိုး၊ ရှင်ကျင့်၊ ဟောင်ကောင် မြန်နှုန်းမြင့်ရထားလိုင်း ဘက်စုံဖွင့်လှစ်ခြင်းသည် ဟောင်ကောင်နှင့် ပြည်မကြီး ပြည်သူများအကြား ကူးလူးဆက်ဆံရေးနှင့် ကူးသန်းရောင်းဝယ်ရေးကို တွန်းအားပေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးရေး အခြေအနေသစ်တွင် ဟောင်ကောင် ပါဝင်ရန်အတွက်လည်း အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားပါသည်။

 

   Webradio