• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည်၊ ပါကစ္စတန် ကြည်း​တပ်စစ်ဦးစီးမှူးနှင့် တွေ့ဆုံ

(GMT+08:00) 2018-09-20 13:35:39

      တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၉ ရက်နေ့က ပီကင်းမြို့တွင် အလည်အပတ်ရောက်ရှိနေသော ပါကစ္စတန်နိုင်ငံ ကြည်းတပ်စစ်ဦးစီးမှူး ဘာဂျဝါနှင့်  တွေ့ဆုံခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ရှီကျင့်ဖိန်က တရုတ်၊ ပါကစ္စတန် ၂ နိုင်ငံတို့သည်၊ အချိန်မရွေး မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဖြစ်ပြီး၊ လွန်စွာ ခင်မင်ရင်းနှီးသော မိတ်ဆွေ များဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့အနေနှင့်၊ အရေးကြီးသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ ပြဿနာများအပေါ် အလွန့်အလွန် တူညီသော သဘောထားရပ်တည်ချက်ရှိကြကြောင်း၊ တရုတ်-ပါကစ္စတန်ဆက်ဆံမှုအပေါ် တရုတ်ပြည်က အစဉ်တစိုက် လွန်စွာအလေးထား ကြောင်း ပြောကြား ခဲ့သည်။

ဘာဂျဝါကလည်း ပါကစ္စတန်အနေနှင့်၊ Belt and Road အဆိုပြုချက်ကို ဦးလည်မသုန် ထောက်ခံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio