• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဝမ်ချီစမ်းသည် ၂၀၁၈ ခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဖွင့်ပွဲသို့ တက်ရောက်

(GMT+08:00) 2018-09-20 10:18:27

၂၀၁၈ ခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယခုလ ၁၉ ရက်နေ့က တရုတ်ပြည် နန်ကင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော် ဒုဥက္ကဋ္ဌ ဝမ်ချီစမ်းသည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ဝမ်ချီစမ်းက၊ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့သည် ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်သူများ၏ ကမ္ဘာ့ ငြိမ်းချမ်းရေးကို လိုလားသော သာယာလှပသည့် ဆန္ဒကို ပြသနေကြောင်း၊ ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အခမ်းအနားသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း၊ တရုတ်ပြည်သူများသည် ငြိမ်းချမ်းရေးကို အစဉ်တစိုက် မြတ်နိုးပါကြောင်း၊ ဘက်အသီးသီးတို့ အနေနှင့် ငြိမ်းချမ်းရေး အတွေးအခေါ်ကို စွဲကိုင်ရန် မိမိတို့ ပန်ကြားလိုကြောင်း ပြောကြားပါသည်။
   Webradio