• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်-မြောက်ကိုရီးယား ခေါင်းဆောင်များ ပူးတွဲကြေညာစာတမ်းထုတ်ပြန်ခြင်းကို တရုတ် ကြိုဆို

(GMT+08:00) 2018-09-20 10:02:50

        တောင်ကိုရီးယားသမ္မတ မူဂျေအင်နှင့် မြောက်ကိုရီးယား ထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်တို့သည် ယခုလ ၁၉ ရက်နေ့က ပြန်လည် တွေ့ဆုံဆွေးနွေးပြီး စက်တင်ဘာလ ပြုံယမ်း ပူးတွဲကြေညာစာတမ်းကို ချုပ်ဆိုပြီး ထုတ်ပြန်ခဲ့ကြသည်။ ယင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က တရုတ်ပြည်ဘက်သည် ယင်းကို ကြိုဆိုပြီး မြောက်ကိုရီုးယားနှင့် တောင်ကိုရီးယား နှစ်ဖက်တို့အနေနှင့် သက်ဆိုင်ရာ ကြေညာစာတမ်းများပါ သဘောတူညီမှုများကို ဆက်လက် အကောင်အထည်ဖော်ဆောင်ပြီး နှစ်ဖက် အပြန်အလှန် ကူးလူးဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အဆက်မပြတ် တွန်းအားပေးကြရန် မျှော်လင့်ကြောင်း ထိုနေ့ ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio