• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်ဟာ တိုင်ပင်ဆွေးနွေးဖို့ အော်ဟစ်နေတဲ့ တစ်ချိန်တည်းမှာ အရေးယူ ပိတ်ဆို့မှု ပြုနေတယ်လို့ ကင်စွမ် ဆို

(GMT+08:00) 2018-09-20 09:48:15

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ အမေရိကန်ဟာ တစ်ဖက်မှာ ထိတွေ့ဆက်ဆံဖို့နဲ့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ အော်ဟစ် နေပြီး တစ်ဖက်မှာလည်း အရေးယူ ပိတ်ဆို့မှု တုတ်ကြီးကို အသုံးပြုနေတယ်၊ ဒါဟာ အမေရိကန်ရဲ့ လုပ်ရိုးလုပ်စဉ် တစ်မျိုးလို ဖြစ်နေပြီလို့ ဒီလ ၁၉ ရက်နေ့က ပီကင်းမှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား ခဲ့တယ်လို့ စီအာအိုင် သတင်းအရ သိရပါတယ်။

ဒီလ ၁၈ ရက်နေ့က တရုတ် ကုန်ပစ္စည်းအပေါ် အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ ကုန်ပစ္စည်း အပေါ် အခွန် တိုးကောက်ဖို့ ကြေညာခဲ့ပါတယ်။ အမေရိကန် ကုန်သွယ်ရေး ဝန်ကြီး ရို့စ်က သတင်းထောက်နဲ့ တွေ့ဆုံရာမှာ၊ အမေရိကန်ရဲ့ ရည်ရွယ်ချက်ဟာ တရုတ်ပြည်ဘက်နဲ့ အပြုသဘော ဆောင်တဲ့ စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ပြီး အရင်းခံ ပြဿနာကို ဖြေရှင်းဖို့ ဖြစ်တယ်။ ဘယ်အချိန်မှာ တိုင်ပင်ဆွေးနွေးမှု ပြုလုပ် မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ ဘောလုံးဟာ တရုတ်ပြည်ဘက်မှာပဲ ရှိတယ်လို့ ပြောဆို ခဲ့တယ်လို့ သတင်းရရှိပါတယ်။

   Webradio