• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး နိုင်ငံတကာ မီဒီယာ ဖိုရမ် ကျူးဟိုင်၌ ဖွင့်လှစ်

(GMT+08:00) 2018-09-20 09:17:32

တရုတ် မီဒီယာ အုပ်စုနှင့် ကွမ်တုန်းပြည်နယ် အစိုးရတို့ ဦးစီး ပြုလုပ်သော ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး နိုင်ငံတကာ မီဒီယာ ဖိုရမ်ကို ယခုလ ၁၉ ရက်နေ့က ကျူးဟိုင် မြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ ယခု အကြိမ် ဖိုရမ်၏ ဆောင်ပုဒ်သည် "ခေတ်သစ်၊ ပိုးလမ်းမကြီးသစ်၊ ရုပ်သွင်သစ်" ဖြစ်ပြီး၊ ဘိုးဘွားများ တီထွင်သည့်သမိုင်းကို ဆက်ခံပြီး အနက်သဘော ဆန်းသစ် ပေးရန် အဓိပ္ပါယ် သက်ရောက်သည်ဟု သိရပါသည်။

လွန်ခဲ့သည့် ငါးနှစ်တုန်းက ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် Belt and Road အဆိုပြုချက်ကို တင်ပြခဲ့ပါသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်နှင့် ပိုးလမ်းမကြီး တလျှောက်မှ နိုင်ငံများနှင့် ကုန်စည် ရောင်းဝယ်မှု စုစုပေါင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀၀၀ ကျော် ရှိပါသည်။ ယင်းနိုင်ငံများတွင် တရုတ်ပြည်၏ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ဘီလီယံ ၆၀ ကျော် ရှိပြီး ပိုးလမ်းမကြီး တလျှောက်မှ နိုင်ငံများ၌ စီးပွါး ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ၈၀ ကျော်ကို တည်ထောင်ထားကာ၊ အလုပ်အကိုင်နေရာသစ်များကို ဖန်တီးပေးနေပါသည်။

ဖွင့်ပွဲအခမ်းအနားတွင်၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ မီဒီယာ အုပ်စု ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက၊ မျက်မှောက်ကာလ၌ ကမ္ဘာကြီးသည် မကြုံစဖူးသော ပြောင်းလဲမှုနှင့် ရင်ဆိုင်နေကြောင်း၊ တစ်ဖက်မှာ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းသည် နက်ရှိုင်းစွာ တိုးတက်လာပြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးခြင်းသည် တားဆီးလို့ မရသော ခေတ် ရေစီးကြောင်း ဖြစ်နေပါကြောင်း၊ တစ်ဖက်မှာ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေးနှင့် တစ်ဖက်သတ်ဝါဒ ပြန်လည် ဦးမော့လာနေသဖြင့် နိုင်ငံစုံဝါဒနှင့် လွတ်လပ်စွာ ကုန်သွယ်ရေး စနစ်ကို ပြင်းထန်စွာ  ဂယက်ရိုက်ခတ်နေကြောင်း၊ ပိုးလမ်းမကြီးသည် ကုန်သွယ်ရေး လမ်းမကြီး ဖြစ်ရုံသာ မကဘဲ ယဉ်ကျေးမှု ကူးလူးဖလှယ်ရေး လမ်ကြောင်းလည်း ဖြစ်ကြောင်း၊ ကမ္ဘာလုံးမှာ တစ်ခုသာ ရှိပြီး လူသား ကံကြမ္မာ အသိုက်အဝန်း ဖွဲ့စည်းတည်ထောင်ခြင်းမှာ ခေတ်ရေစီးကြောင်း ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio