• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်အနယ်နယ်အရပ်ရပ်၌ လမုန့်ပွဲတော် လှုပ်ရှားမှုများ ပြုလုပ်

(GMT+08:00) 2018-09-18 11:57:07

        ယခုလ ၂၄ ရက်နေ့သည် တရုတ်ရိုးရာလမုန့်ပွဲတော်ဖြစ်၍ လမုန့်ပဲတော်ရှေ့ပိုင်းနောက်ပိုင်းတွင် တရုတ်ပြည် အနယ်နယ်အရပ်ရပ်၌ ထူးခြားချက်ပါရှိသော လှုပ်ရှားမှုများကို ပြုလုပ်ပြီး လမုန့်ပွဲတော်ကို နွှဲပျော်ကြမည်။ ယခုလ ၂၀ ရက်နေ့ညပိုင်းတွင် ရှန်ဟိုင်း "ကမ္ဘာကြီး"ဖျော်ဖြေရေးစခန်းတွင် လမုန့်ပွဲတော်နှင့် တရုတ်ရိုးရာယဉ်ကျေးမှုကို ပေါင်းစပ်ပြီး အထူးအစီအစဉ်တစ်ခုကို ပြုလုပ်မည်ဖြစ်ကြောင်း၊ ယခုလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပီကင်းမြို့ရှိ ဥယျာဉ်အချို့၌ သာယာလှပသော စန္ဒာလ ရှုစားပွဲကို အသီးသီးကျင်းပမည်ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ထို့အပြင် တရုတ်ပြည်မှ ပြတိုက်အချို့တွင်လည်း လမုန့်ပွဲတော်ဆိုင်ရာ အထူးအစီအစဉ်များကို ပြုလုပ်ပြီး တရုတ်နိုင်ငံတော်အဆင့် ဒြပ်မဲ့ ယဉ်ကျေးမှု အမွေအနစ် အမည်စာရင်တွင် ပါဝင်သော လမုန့်ပွဲတော်ဆိုင်ရာ ရိုးရာ ယဉ်ကျေးမှုများကိုလည်း လမုန့်ပွဲတော် အတောအတွင်း ပြုလုပ်ပြသမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio