• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှား စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုကော်မရှင် ၁၅ ကြိမ်မြောက် အစည်းအဝေးကို ဟန်ကျိန့်နှင့် ရုရှားဒု ဝန်ကြီးချုပ်တို့မှ ဦးစီးကျင်းပ

(GMT+08:00) 2018-09-18 10:53:55

      ယခုလ ၁၇ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီဒု ဝန်ကြီးချုပ် ဟန်ကျိန့်သည်၊ မော်စကိုမြို့တော်၌ ရုရှားနိုင်ငံ ဒု ဝန်ကြီးချုပ် Kozak နှင့် တွေ့ဆုံသည့်အပြင်၊ တရုတ်-ရုရှားစွမ်အင် ပူးပေါင်း ဆောင်ရွက်မှုကော်မရှင် ၁၅ ကြိမ်မြောက်အစည်းအဝေးကို ၄င်းနှင့်အတူ ဦးစီးကျင်းပခဲ့ သည်ဟု စီအာအိုင်သတင်းအရသိရသည်။

ထိုသို့တွေ့ဆုံခဲ့ရာ၌ ဟန်ကျိန့်က စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုသည်၊ တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆက်ဆံမှုတွင် အရေးကြီး အစိတ် အပိုင်းဖြစ်ရုံသာမက၊ ၂ ဖက်တို့၏ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုတွင် အရေးကြီးဆုံး၊ အောက်ကျိုးရလဒ်အများဆုံးနှင့် အတိုင်းအတာအကြီးမားဆုံးသော နယ်ပယ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးအပြီး ဟန်ကျိန့်နှင့် Kozakတို့သည်၊ အစည်းအဝေးမှတ်တမ်းအချင်းချုပ် ကို အတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio