• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကူမင်းရှိ မြန်မာ လာအို ဗီယက်နမ် ကောင်စစ်ဝန်ချုပ်များ ကိုယ်စားလှယ်အဖွဲ့ ယူနန်၌ ခရီးလှည့်လည်

(GMT+08:00) 2018-09-18 10:16:49

ကူမင်းရှိ မြန်မာ လာအို ဗီယက်နမ်မှ အဆက်ဆက်သော ကောင်စစ်ဝန်ချုပ်များဖြင့် ဖွဲ့စည်းသည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုလ ၁၇ ရက်နေ့က ယူနန်ပြည်နယ်သို့ ခရီးလှည့်လည်ပြီး တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်ခဲ့သည့် နှစ် ၄၀ အတွင်း ယူနန်ပြည်နယ်၏ တိုးတက် ပြောင်းလဲမှုများကို မျက်မြင် ကိုယ်တွေ့ ခံစားကြကြောင်း တရုတ် သတင်းဌာနမှ သတင်းအရ သိရပါသည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ကောင်စစ်ဝန်နှင့် တရားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးသန်းဖေက၊ ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် တရုတ်နှင့် အနီးပတ်ဝန်းကျင်နိုင်ငံများအကြား နယ်ပယ်အသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာခြင်းကို မိမိ အနေဖြင့် ဝမ်းသာအားရ တွေ့မြင်ရပါကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖေါ် ချစ်ကြည်ရေးသည် ခေတ်သစ်တွင် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုသို့ တိုးမြှင့်လာပြီး နယ်ပယ်အသီးသီး၌ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုမှာ အဆက်မပြတ် နက်ရှိုင်းလာကြောင်း၊ Belt and Road အဆိုပြုချက် မူဘောင်အတွင်း မြန်မာနိုင်ငံသည် ယူနန်ပြည်နယ်နှင့် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

   Webradio