• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၈ ခုနှစ် တရုတ် အနုညာတရေးရာ ထိပ်သီးဖိုရမ် ကျင်းပ

(GMT+08:00) 2018-09-18 09:53:12

၂၀၁၈ ခုနှစ် တရုတ် အနုညာတရေးရာ ထိပ်သီးဖိုရမ်ကို ယခုလ ၁၇ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့ပါသည်။ တရုတ်နိုင်ငံတကာ ကုန်သွယ်မှု ဖွံ့ဖြိုးရေး ကော်မတီ ဒုဥက္ကဋ္ဌ လူဖုန်ချီက၊ နိုင်ငံတကာ ကုန်သွယ်မှု ဖွံ့ဖြိုးရေး ကော်မတီသည် Belt and Road တလျှောက် နိုင်ငံများမှ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နိုင်ငံတကာ အငြင်းပွါးမှု ကြိုတင် ကာကွယ်ရေးနှင့် ဖြေရှင်းရေးအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းရန် စီစဉ်နေသည်ဟု အစည်းအဝေး၌ ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် လူဖုန်ချီက၊ ယခုနှစ်များတွင် တရုတ်ပြည် စီးပွါးရေးသည် နိုင်ငံတကာ စီးပွါးရေးတွင် ရောနှောပေါင်းစပ်လာသည်နှင့် အမျှ၊ နိုင်ငံခြားနှင့် အနုညာတမှုများ တိုးများ လာပြီး အနုညာတ စီရင်ဆုံးဖြတ်ခြင်းမှာ အငြင်းပွါးမှုကို ဖြေရှင်းရန် အရေးကြီး နည်းလမ်း တစ်ရပ် ဖြစ်လာပြီ ဖြစ်ကြောင်း၊ သက်ဆိုင်ရာ စာရင်းအရ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံးရှိ အနုညာတရေးရာ ကော်မတီ ၂၅၃ ခုတွင် အနုညာတမှု ၂ သိန်း ၃ သောင်း ၉ ထောင်ကျော်ကို လက်ခံ စုံစမ်းစစ်ဆေးခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း တိုးများ လာကြောင်း၊ ငွေတန်ဖိုးမှာ ယွမ် ၅၃၃့ ၈ ဘီလီယံ ရှိပြီး ၂၀၁၆ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်း တိုးလာပါကြောင်း ပြောကြားပါသည်။

၂၀၁၈ ခုနှစ် တရုတ် အနုညာတရေးရာ ထိပ်သီးဖိုရမ်ကို တရုတ် ပြည်သူ့ တရားရုံးချုပ်၊ ကုလသမဂ္ဂ ကုန်သွယ်ရေးဥပဒေ ကော်မတီနှင့် တရုတ် နိုင်ငံတကာ ကုန်သွယ်မှု အနုညာတ ရေးရာ ကော်မတီတို့ ပူးတွဲ ဦးစီး ကျင်းပခြင်း ဖြစ်ကြောင်း သိရပါသည်။

   Webradio