• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ခရီးသည် သုံးဦး ဆွီဒင်၌ ကြမ်းကြုတ်စွာ သဘောထာ လုပ်ဆောင်မှု ခံရ၊ တရုတ်ပြည်ဘက်၏ အာရုံစူးစိုက်ရာကို အလေးထားရန် နိင်ငံခြားရေးဝန်ကြီးဌာန ပန်ကြား

(GMT+08:00) 2018-09-18 09:46:53

မကြာမီက ဆွီဒင် ရဲများ တရုတ် ခရီးသည် သုံးဦးအား ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်ခဲ့ခြင်းကိစ္စနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ ကင်စွမ်က၊ ဆွီဒင် အနေနှင့် တရုတ်ပြည်ဘက်၏ အာရုံစူးစိုက်ရာကိစ္စကို အလေးထားရန်၊ တရုတ်ခရီးသည်များ၏ လုံခြုံရေးနှင့် တရားဝင် အခွင့်အရေးကို အာမခံ ပေးဖို့ ထိရောက်သော နည်းလမ်းများ ပြုလုပ်ရန် တရုတ်နိုင်ငံက ဆော်သြ တိုက်တွန်း ပါကြောင်း ယခုလ ၁၇ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယခုလ ၂ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် သက်ကြီးရွယ်အို နှစ်ဦး အပါအဝင် တရုတ် ခရီးသည် သုံးဦးသည် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် ဒေသခံရဲများ ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိပါသည်။

   Webradio