• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မီတာ တစ်သောင်း မြင့်ရာမှ တရုတ်ပြည်ကို ကြည့်တာ၊ ကမ္ဘာကြီးက ဘာတွေ မြင်ကြသလဲ

(GMT+08:00) 2018-09-17 16:56:30

နှစ်ရက်ကြာ ကျင်းပခဲ့တဲ့ တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်ဖိုရမ်ရဲ့ သီးသန့် နှီးနှောဖလှယ်ပွဲကို ဒီလ ၁၆ ရက်နေ့က ပီကင်းမှာ ကျင်းပခဲ့တယ်။ ပြည်တွင်းပြည်ပမှ လုပ်ငန်းကုမ္ပဏီများ၊ သုတေသနဌာနများနဲ့ အစိုးရဌာနများမှ ဧည့်သည်တော် ၈၀၀ တို့ဟာ ခေတ်သစ်မှာ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးအတွက် အကြံဉာဏ်ကောင်းများကို တင်ပြခဲ့ကြတယ်။ တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်မှ ထိပ်တန်း ကိုယ်စားလှယ် ဖြစ်သူ၊ အမေရိကန် Johns Hopkins တက္ကသိုလ် ပါမောက္ခ Pieter Bottlier က၊ ကျွန်တော် တရုတ်ပြည်မှာ အလုပ် မလုပ်တာ နှစ်ပေါင်း နှစ်ဆယ် ကျော်ပြီ၊ ကျွန်တော်ရဲ့ အမြင်ဟာ မီတာ တစ်သောင်း မြင့်ရာမှာ တရုတ်ပြည်ကို ကြည့်သလို ဖြစ်တယ်၊ ကျွန်တော် ပေးတာဟာ ကမ္ဘာ့အမြင် တစ်ရပ်ပါပဲလို့ ပွင့်ပွင့်လင်းလင်း ပြောဆိုတယ်။ အခု တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက် ခဲ့တာ နှစ်ပေါင်း ၄၀ ရှိပါပြီ။ ဂလိုဘယ်လိုက်ဇေးရှင်းကို ဖီလာဆန့်ကျင်ရေးနဲ့ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး ဦးမော့လာနေတဲ့ ယနေ့ နိုင်ငံတကာ အခြေအနေကို ရင်ဆိုင်လျက်၊ အဲဒီလို ရှုထောင့်တစ်ရပ်နဲ့ တွေးဆ သုံးသပ်ဖို့ဟာ လွန်စွာ လိုအပ်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါနဲ့ မီတာ တစ်သောင်းမြင့်ရာမှနေ တရုတ်ပြည်ကို ကြည့်တာ၊ တရုတ်နဲ့ ကမ္ဘာကြီးဟာ ဘာတွေများ မြင်ကြတာလဲ။

ပထမ ဦးစွာ မြင်တာ ကတော့ တိုးတက်အောင်မြင်မှုနဲ့ ယုံကြည်စိတ်ပဲ ဖြစ်တယ်။ ပြီးခဲ့တဲ့ နှစ် ၄၀ အတွင်း တရုတ်နိုင်ငံဟာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လုပ်ဆောင်ခြင်းနဲ့ ဆင်းရဲသူ သန်း ၇၀၀ ကျော်ကို ဆင်းရဲမှု ပပျောက်လာစေခဲ့တယ်။ အဲဒီဂဏန်းဟာ အလားတူအချိန်ပိုင်းအတွင်း တစ်ကမ္ဘာလုံး ဆင်းရဲမှု ပပျောက်သူ စုစုပေါင်း ဦးရေရဲ့ ၇၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ သိရပါတယ်။ ၂၀၁၇ ခုနှစ်မှာ တရုတ်ပြည် လူတစ်ဦးချင်း ပျမ်းမျှ ဂျီဒီပီ ပမာဏဟာ အမေရိကန်ဒေါ်လာ ၉၀၀၀ လောက်ရှိပြီး ဝင်ငွေ အလယ်အလတ် ဖြစ်တဲ့ နိုင်ငံများရဲ့ ပျမ်းမျှ ဂဏန်းကို ကျော်လွန်နိုင်ခဲ့ပါတယ်။ အစည်းအဝေး တက်ရောက်တဲ့ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း Zoellick က၊ အဲဒါဟာ ကမ္ဘာ့သမိုင်းမှာ အကြီးဆုံးသော ဆင်းရဲမှု လျှော့ချရေး ဆောင်ရွက်မှု ဖြစ်ပြီး ကျွန်တော်က တရုတ်ပြည်သူများရဲ့ ကြိုးပမ်းမှု အပေါ် အားကျနေတယ်လို့ ပြောဆိုပါတယ်။

ဒါ့အပြင် လူတွေက ကွာဟချက်နဲ့ စိန်ခေါ်မှုများကိုလည်း မြင်ကြပါတယ်။ ဒါလဲ တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးကို တိုးချဲ့ ဆောင်ရွက်ဖို့ ဆုံးဖြတ်တဲ့ အကြောင်းရပ် တစ်ရပ် ဖြစ်တယ်။ တရုတ်နိုင်ငံရဲ့ လူတစ်ဦးချင်း ပျမ်မျှ ဂျီဒီပီဟာ ကမ္ဘာ့ နိုင်ငံနဲ့ဒေသ ၁၉၀ ကျော်ထဲမှာ ၇၀ နေရာ၌သာ တည်ရှိနေတယ်၊ ပြီးခဲ့တဲ့နှစ် နှစ်ကုန် အထိ စာရင်းအရ၊ တစ်ပြည်လုံးမှာ ဆင်းရဲသူ သန်း ၃၀ ကျော် ဆင်းရဲမှု လျှော့ချဖို့ လိုသေးပါတယ်။ ဒါကြောင့် အနာဂတ်မှာ တရုတ်နိုင်ငံဟာ စီးပွါးရေးနဲ့ လူမှုရေး အရည်အသွေး မြင့်မားစွာ တိုးတက်ရေး လမ်းကြောင်းကို ရှာကြံ စီမံရပါတယ်။ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း Zoellick က၊ တရုတ်ပြည်ရဲ့ အနာဂတ် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေး လုပ်ငန်းမှာ စိန်ခေါ်မှု သုံးရပ်နဲ့ ရင်ဆိုင်နေတယ်၊ ဒါတွေအနက် သက်ညှာထောက်ထားပြီး ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ဘယ်လို ဖေါ်ဆောင်သလဲ၊ တရုတ်နိုင်ငံက ကမ္ဘာကြီး အပေါ် သြဇာသက်ရောက်မှုကို ဘယ်လို သဘော ထားသလဲ စတာတွေ ပါဝင်တယ်လို့ ပြောဆိုတယ်။

တစ်ချိန်တည်းမှာ ကမ္ဘာကြီးဟာ ကိန်းအောင်းထားတဲ့ စွမ်းအားနဲ့ အပြန်အလှန် အကျိုးရှိစေရေးကိုလည်း မြင်ကြပါတယ်။ အဲဒါဟာ အနာဂတ်မှာ တရုတ်နဲ့ ကမ္ဘာ့နိုင်ငံများ အကျိုးတူ ဖွံ့ဖြိုးတိုးတက်ရေးရဲ့ တွန်းအားပဲ ဖြစ်တယ်။ ကမ္ဘာ့ ပို့ကုန် ပထမ အများဆုံးနဲ့ သွင်းကုန် ဒုတိယ အများဆုံး ဖြစ်တဲ့ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ တရုတ်နိုင်ငံဟာ တခြား နိုင်ငံများနဲ့အတူ စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အောင်ကျိုးရလဒ်များနဲ့ အခွင့်အလမ်းများကို မျှဝေခံစားနေပါတယ်။ တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ စီးပွါးရေး ဖွံ့ဖြိုး တိုးတက်မှု အပေါ် အကျိုးပြုစွမ်းဆောင်မှုနှုန်းဟာ နှစ်ပေါင်းများစွာအတွင်း ၃၀ ရာခိုင်နှုန်းကျော် ဆက်တိုက် ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။

   Webradio