• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်ဖိုရမ် ၂၀၁၈ ခုနှစ် နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00) 2018-09-17 12:32:41

တရုတ် ဖွံ့ဖြိုးတိုးတက်ရေး အဆင့်မြင့်ဖိုရမ် ၂၀၁၈ ခုနှစ် နှီးနှောဖလှယ်ပွဲကို ယခုလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ပီကင်း၌ ကျင်းပခဲ့ကြောင်း၊ ပြည်တွင်းပြည်ပမှ နိုင်ငံရေးနှင့် စီးပွါးကုန်သွယ်ရေးလောကမှ ပုဂ္ဂိုလ်များသည် တရုတ်ပြည် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာ စီးပွါးရေး အလားအလာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

အစည်းအဝေး တက်ရောက်သူများက၊ မျက်မှောက် ကမ္ဘာ့ကုန်သွယ်ရေး နိုင်ငံစုံစနစ်သည် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည့် အခြေအနေတွင် တရုတ်နိုင်ငံသည် ပြင်ပမှဖိအားကို ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး၏ တွန်းအား အဖြစ် လှည့်ပြောင်း ရမည် ဖြစ်ပြီး ဈေးကွက် စီးပွါးရေး ရှင်သန်လာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။

ယခုနှစ်သည် တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်း ဆောင်ရွက်သည့် ၄၀ ပြည့်မြောက်နှစ် ဖြစ်ကြောင်း သိရပါသည်။

   Webradio