• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့အကြီးဆုံး အော်တိုမက်တစ် ဆိပ်ကမ်း ရှန်ဟိုင်း၌ ဆောက်လုပ်ပြီးစီး

(GMT+08:00) 2018-09-17 12:22:39

တရုတ်ပြည် ရှန်ဟိုင်းမြို့ ယန်ရှန် ရေနက် ဆိပ်ကမ်းသည် တရုတ်နိုင်ငံက ကျွန်းငယ် ပေါ်၌ ဆောက်လုပ်သော ပထမဦးဆုံး ဆိပ်ကမ် ဖြစ်ပြီး ရှန်ဟိုင်း လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ဆောက်ရေးဆိုင်ရာ အရေးကြီး နေရာ တစ်နေရာလည်း ဖြစ်ပါသည်။ မကြာမီက ယင်းနေရာတွင် ကမ္ဘာ့ အကြီးဆုံး အော်တိုမက်တစ် ဆိပ်ကမ်းတစ်ခုကို ဆောက်လုပ် ပြီးစီးခဲ့ပါသည်။

ယန်ရှန် ရေနက် ဆိပ်ကမ်း၏ စတုတ္ထ အဆင့်ကာလ ဆိပ်ကမ်း ဆောက်လုပ်ရေး တာဝန်ခံ မစ္စတာ ကျမ်ပင်က၊ အော်တိုမက်တစ် စနစ်ကို အားကိုးပြီး ဆိပ်ကမ်း ပို့ဆောင်ရေးလုပ်ငန်းကို အကွက်ကျကျ စီမံ လုပ်ဆောင်နိုင်ပြီး၊ ဆိပ်ကမ်း တစ်ခုလုံးတွင် လုပ်ငန်းများ ပိုမို တွင်ကျယ်လာစေကာ သမားရိုးကျ ဆိပ်ကမ်းထက် ပိုပြီး လုပ်ငန်း တွင်ကျယ်လာကြောင်း ပြောကြားပါသည်။

စတုတ္ထ အဆင့်ကာလ ဆိပ်ကမ်း ဆောက်လုပ် ပြီးနောက် ရှန်ဟိုင်း ဆိပ်ကမ်း၏ နှစ်စဉ် ကုန်တင်ကုန်ချမှု စုစုပေါင်းပမာဏမှာ စံမီ ကုန်သေတ္တာ သန်း ၄၀ ကျော် ရှိမည် ဖြစ်ပြီး တစ်ကမ္ဘာလုံး စုစုပေါင်း ပမာဏ၏ ၁၀ ပုံ ၁ ပုံခန့် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio