• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Bejing Institude of Technology၏ International Culture Festivalတွင် မြန်မာကျောင်းသားများ ပထမအကြိမ်အဖြစ် ပါဝင်ပြသ

(GMT+08:00) 2018-09-17 11:32:48

 

Bejing Institude of Technology ရဲ့ (၇၈)နှစ်မြောက်မွေးနေ့ပွဲနဲ့ Interna- tional Culture Festival ကို စက်တင်ဘာလ (၁၅)ရက်နေ့ကအဆိုပါ တက္ကသိုလ်၌ ကျင်းပ ခဲ့ရာ နိုင်ငံ(၁၉)နိုင်ငံမှကျောင်းသားများက နိုင်ငံအလိုက် ရိုးရာယဉ်ကျေးမှု ၀တ်စားဆင်ယင် မှု၊ တေးဂီတ၊ အစားအစာ စသဖြင့် ပြသခဲ့ကြပါတယ်။

အဆိုပါပွဲတွင် ပထမအကြိမ်အဖြစ် မြန်မာပညာတော်သင်ကျောင်းသား/သူများ လည်း ပါဝင်ခဲ့ကြပြီး ဒီလို ပါဝင်ဖြစ်တာနဲ့ပတ်သက်လို့လည်း ပညာတော်သင် ကျောင်းသား ကိုထက်လွင်အောင်က "ဒီ BITကို မြန်မာကျောင်းသားတွေ စရောက်တာက ၂၀၁၀က တည်းကပါ။ အဲဒီတုန်းက (၂)ယောက်လောက်ပဲရှိတယ်။ ၂၀၁၅မှာ(၃)ယောက်ထပ်ရောက် လာတယ်။ ၂၀၁၇မှာတော့ ကျနော်တို့ ထပ်ရောက်လာပြီး (၁၀)ယောက်ဖြစ်သွားပြီ။ ဒီနှစ် မှာတော့ ကျောင်းသားအင်အားက ပိုများလာတော့ အားလုံးတိုင်ပင်လိုက်တဲ့အခါ ပါဝင်ကြ မယ်ဆိုပြီး  ပါဝင်ဖြစ်ခဲ့တာဖြစ်တယ်" လို့ ပြောပါတယ်။

ပီကင်းရှိ တက္ကသို်လ်အသီးသီးတွင် မြန်မာပညာတော်သင်ကျောင်းသားများ လာရောက်ပညာသင်ကြားနေကြပြီး တက္ကသိုလ်တစ်ခုချင်းစီရဲ့ Culture Show ပွဲတွေမှာ လည်း အားလုံးစည်းစည်းလုံးလုံး ပူးပေါင်းဆင်နွဲ့ကြတယ်လို့သိရပါတယ်။  ဒီအကြောင်းနဲ့ ပတ်သက်လို့လည်း "ဒီလိုပွဲမှာ မြန်မာတွေ စည်းစည်းလုံးလုံးပါဝင်နိုင်ခဲ့တဲ့အတွက် ကျေနပ် တယ်။ နောက်တစ်ခါ BITမှာ မြန်မာဆိုတဲ့ အမှတ်တရတစ်ခု ကျန်ရစ်ခဲ့ပြီ" လို့ မြန်မာပညာ တော်သင်ကျောင်းသား ကိုမျိုးဝင်းထွေးက ပြောပါတယ်။

BITရဲ့ Culture Show ပွဲမှာ မြန်မာကျောင်းသားများအနေဖြင့် ရှေးခေတ် ပုဂံ ၀တ်စုံ၊ တိုင်းရင်းသား(၈)မျိုးတို့ရဲ့ ရိုးရာဝတ်စုံများကို ၀တ်ဆင်ပြသခဲ့ပြီး မြန်မာ့လက်ဖက် ရည်၊ လက်ဖက်သုပ်၊ သာကူကျို၊ ကျောက်ကျော၊ ပေါင်မုန့်အုန်းနို့ဆန်းတို့ ဧည့်ခံခဲ့ကြတယ် လို့ သိရပါတယ်။

   Webradio