တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က အင်အားပြင်းထန်သော တိုင်ဖုန်းမုန်တိုင်း မန်ကွတ် (Mangkhut) ဖိလစ်ပိုင်နိုင်ငံကို ကျရောက်ခဲ့မှုကြောင့် လူ သေကြေဒဏ်ရာရရှိပြီး ဓနဥစ္စာများစွာ ဆုံးရှုံးခဲ့ရခြင်းအပေါ် တရုတ်ပြည်ဘက်က လေးနက်စွာ နှစ်သိမ့်အားပေးကြောင်း ယခုလ ၁၆ ရက်နေ့က ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။
ထို့အပြင် ဖိလစ်ပိုင်ဘက်၏ တိုက်တွန်းချက်အရ ယခုလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ဖိလစ်ပိုင်ခရီးစဉ်ကို ရွှေ့ဆိုင်မည်ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် ခရီးစဉ် အချိန်ကို နိုင်ငံခြားရေးနည်းလမ်းဖြင့် ပြန်လည် ဆွေးနွေးမည် ဖြစ်ကြောင်းလည်း ကင်စွမ်က ပြောကြားသည်။