• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်တုန်း၊ ကွမ်ရှီးနှင့် ဟိုင်နန်ပြည်နယ်၌ လူ ၆၉၅၀၀၀ကို အရေးပေါ် ရွှေ့ပြောင်းပေး

(GMT+08:00) 2018-09-17 09:41:42

        အရေးပေါ် စီမံခန့်ခွဲရေးဌာနမှ သတင်းအရ တိုင်ဖုန်းမုန်တိုင်း မန်ကွတ် (Mangkhut) ကို ရင်ဆိုင်ရန်အတွက် ယခုလ ၁၆ ရက်နေ့ ညနေ ၅ နာရီအထိ တရုတ်ပြည် ကွမ်တုန်း၊ ကွမ်ရှီးနှင့် ဟိုင်နန် စသည့် ပြည်နယ် ၃ ခု၌ လူ ၆၉၅၀၀၀ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ပြီဖြစ်ကြောင်း ဆင်ဟွာသတင်းသတင်းအရ သိရပါသည်။

        ထိုနေ့တွင် ကျင်းပခဲ့သော အရေးပေါ် စီမံခန့်ခွဲရေးဌာနမှ တိုင်ဖုန်းမုန်တိုင်း မန်ကွတ် ရင်ဆိုင်ရေးဆိုင်ရာ အစည်းအဝေးတွင် စီမံခန့်ခွဲရေးဌာနသည် မိုးလေဝသဌာန၊ ရေဘေးကာကွယ်ရေးဌာနနှင့် လမ်းပန်းဆက်သွယ်ရေးဌာနစသည့် ဌာနများနှင့် ဆွေးနွေးပြီး နောက်ဆုံး မုန်တိုင်းအခြေအနေကို စိစစ်သုံးသပ်ကာ တိုင်ဖုန်းမုန်တိုင်းမကျရောင်မီနှင့် ကျရောက်ပြီးနောက် အရေးပေါ် ဘေးအန္တရာယ်ကာကွယ်ရေး လုပ်ငန်းကို အသေးစိတ်စီမံခန့်ခွဲကာ ပြည်သူပြည်သားများ အသက်အိုးအိမ်နှင့် ဓနဥစ္စာဆုံးရှုံးမှုကို တတ်နိုင်သမျှ ကာကွယ်ပေးရန် ကြိုးပမ်းဆောင်ရွက်သည်။

   Webradio