• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လွန်ခဲ့သည့်နှစ်တွင် တရုတ် နိုင်ငံတကာကုန်သွယ်မှု အနုညာတမှု ၂ သိန်း ၃ သောင်းကျော် ရှိ

(GMT+08:00) 2018-09-17 09:22:46

တရုတ် နိုင်ငံတကာ စီးပွါးကုန်သွယ်မှု အနုညာတ ရေးရာ ကော်မတီမှ ယခုလ ၁၆ ရက်နေ့က ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာအရ၊ ၂၀၁၇ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံးမှ အနုညာတရေးရာ ကော်မတီများသည် အနုညာတမှု ၂ သိန်း ၃ သောင်းကျော်ကို လက်ခံ စုံစမ်းစစ်ဆေး လုပ်ဆောင်ပေးခဲ့ပြီး ၂၀၁၆ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း တိုးလာပါကြောင်း၊ တန်ဖိုး စုစုပေါင်း ပမာဏမှာ ယွမ် ၅၃၃့ ၈ ဘီလီယံ ရှိပြီး ၂၀၁၆ ခုနှစ်ကထက် ၁၄ ရာခိုင်နှုန်း တိုးလာကြောင်း၊ အနုညာတမှုများအနက်၊ အိမ်ခြံမြေ၊ ငွေကြေး၊ ယာဉ်မတော်တဆမှု လျော်ကြေးဆိုင်ရာ အသင့်အတင့် များပြားပါကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio