• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၁၅ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ကျင်းပပြီးစီး

(GMT+08:00) 2018-09-16 09:33:54

၎ ရက်ကြာ ကျင်းပသည့် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို ယခုလ ၁၅ ရက်နေ့က တရုတ်ပြည် ကွမ်ရှီးပြည်နယ် နန်နင်းမြို့၌ ကျင်းပပြီးစီးခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယခုအကြိမ် ကုန်စည်ပြပွဲမှာ စုစုပေါင်း အကျယ်အဝန်း စတုရန်းမီတာ ၁ သိန်း ၁ သောင်း ၄ ထောင်ခန့်ရှိပြီး ပြခန်း ၆၆၀၀ ကျော် ရှိရာ ယင်းတို့အနက် အာဆီယံ နိုင်ငံများမှ ပြခန်း ၁၅၉၄ ခု ရှိကြောင်း၊ လုပ်ငန်းကုမ္ပဏီ ၂၇၈၀ ခန့်သည် ပြပွဲတွင် ခင်းကျင်းပြသ ခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio