• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ခရီးသည်များကို ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်တာ၊ ဆွီဒင်ရဲများရဲ့ လူ့အခွင့်အရေး ဆိုတာ ဘယ်မှာလဲ

(GMT+08:00) 2018-09-16 08:55:39

ဒီလ လဦးပိုင်းက ဖြစ်ပွါးခဲ့တဲ့ ဆွီဒင်ရဲများက တရုတ် ခရီးသည်များအား ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်ခဲ့ခြင်း ကိစ္စနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက ကြေညာချက် တစ်ရပ် ထုတ်ပြန်ပြီး၊ ဆွီဒင်ရဲများရဲ့ လုပ်ဆောင်မှုကို ပြစ်တင် ရှုတ်ချကြောင်း၊ သူတို့ရဲ့ လုပ်ဆောင်မှုဟာ တရုတ် နိုင်ငံသားများရဲ့ အသက် လုံခြုံမှုနဲ့ အခြေခံ လူ့အခွင့်အရေးကို ပြင်းပြင်းထန်ထန် ကျူးကျော်ထိပါးခဲ့ကြောင်း၊ ဆွီဒင် အစိုးရ အနေနဲ့ အဲဒီကိစ္စကို စုံစမ်းစစ်ဆေးဖို့၊ သက်ဆိုင်ရာ တရုတ်နိုင်ငံသားများ တင်ပြတဲ့ တင်းတင်းကျပ်ကျပ် ပြစ်ဒဏ်ပေး အရေးယူရန်၊ တောင်းပန်ရန်၊ လျော်ကြေးပေးရန် စတဲ့ တောင်းဆိုချက် အပေါ် အချိန်မီ တုံ့ပြန်မှုပေးဖို့ ပန်ကြားကြောင်း ဖေါ်ပြထားပါတယ်။

ဆွီဒင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှသတင်းနဲ့ သက်ဆိုင်ရာ မီဒီယာ သတင်းအရ၊ ဒီလ ၂ ရက်နေ့ နံနက် လင်းအားကြီး အချိန်မှာ၊ တရုတ်နိုင်ငံသား မစ္စတာကျင်းနဲ့ မစ္စတာကျင်းရဲ့ မိဘတို့ဟာ စတော့ဟုမ်းမြို့ရှိ ဟိုတယ် တစ်ခုကို ရောက်ရှိ ခဲ့ပြီးနောက်၊ ကြိုတင် မှာထားတဲ့ ဟိုတယ်ခန်းကို ရက်ခင်းကျမှ ဝင်တည်းခိုလို့ ရသဖြင့် မစ္စတာကျင်းက ပိုက်ဆံပေးပြီး ဟိုတယ်ရဲ့ ခန်းမတွင်းရှိ ကလားထိုင်ပေါ်မှာ အနားယူဖို့ တောင်းဆိုခဲ့တယ်။ အကြောင်း ကတော့ သူရဲ့ အသက် ၆၀ ကျော် ဘမိတွေ ကျန်းမာရေး အခြေအနေ မကောင်းတာကြောင့် ဖြစ်တယ်။ ဒါပေမယ့် ဟိုတယ်ကတော့ သဘောမတူဘဲ ငြင်းပယ်လိုက်တယ်။ စကားပြောကြတဲ့ ဖြစ်စဉ်မှာ ရဲကို ခေါ်လာ ပါတယ်။ ရဲတွေ ရောက်လာ ပြီးနောက် ကြမ်းကြုတ်တဲ့နည်းလမ်းနဲ့ မစ္စတာကျင်းရဲ့ မိဘကို ဟိုတယ်အပြင်သို့ ဆွဲငင်သွားတယ်၊ ပြီးတော့ သူတို့ သုံးယောက်ကို ကားပေါ်တင်ပြီး စတော့ဟုမ်းမြို့နဲ့ ကီလိုမီတာ ၃၊၄ ဆယ်လောက် ကွာဝေးတဲ့ သင်္ချိင်းနေရာ တစ်ခုကို ချခဲ့တယ်။ ဒီ့နောက်မှာ ဆွီဒင်နိုင်ငံဆိုင်ရာ တရုတ်သံရုံးနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့ဟာ စတော့ဟုမ်းမြို့နဲ့ ဘေကျင်းမှာ ဆွီဒင်အစိုးရအား တည်ကြည်လေးနက်စွာ အရေးဆိုခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်အထိ ဆွီဒင် အစိုးရက ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ပြည်အား တုံ့ပြန်မှု တစ်စုံတစ်ခုပေးခြင်း မရှိဘူး၊ ဆွီဒင် မီဒီယာများကလည်း ဘာမှမပြောဘဲ နေကြတယ်လို့ သတင်းရရှိပါတယ်။

    စောင့်ကြည့်ကင်မရာမှနေ၊ ဆွီဒင်ရဲ နှစ်ဦးဟာ မစ္စာကျင်းရဲ့ အသက် ၆၇ နှစ်အရွယ် နှလုံး ဦးနှောက် သွေးကြောရောဂါ ရှိတဲ့ အဖေဖြစ်သူကို ဟိုတယ်မှနေ ကြမ်းကြုတ်စွာ ဆွဲထုတ်လာခြင်း ဖြစ်တယ်။ အားလုံး သိကြတဲ့ အတိုင်းပဲ ဆွီဒင်ဟာ လူ့အခွင့်အရေးကို မြင့်မားစွာ ထိန်းသိမ်းကာကွယ်တဲ့ ဖွံြ့ဖိုးပြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်တယ်လို့ ဆိုတယ်၊ ၂၀၁၇ ခုနှစ် မေလကလည်း ကမ္ဘာ့ လူ့အခွင့်အရေး အစီရင်ခံစာကို ထုတ်ပြန်ပြီး၊ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံများစွာတို့ရဲ့ လူ့အခွင့်အရေး အခြေအနေကို ဟိုပြော ဒီပြော ပြစ်တင် ဝေဖန် ခဲ့တယ်၊ ကမ္ဘာ့ လူ့အခွင့်အရေး တရားသူကြီးလို ကိုယ့်ကိုယ်ကို သဘော ထားနေတယ်။ ဒါပေမယ့် အထက်ပါကိစ္စကို ကြည့်ခြင်းအားဖြင့် ဆွီဒင်ရဲ့ လူ့အခွင့်အရေး ထိန်းသိမ်းရေး အရည်အချင်းနဲ့ ယဉ်ကျေးစွာ ဥပဒေ ကျင့်သုံးမှု အရည်အချင်း အပေါ် မလွဲသာပဲ မယုံသင်္ကာမှု ဖြစ်ရပါတယ်။ ဆွီဒင်ရဲ့ လူ့အခွင့်အရေး ထိန်းသိမ်းကာကွယ်ရာမှာ စံနှုန်း နှစ်မျိုး ထားနေတာလား၊ ဆိုလိုတာက ကိုယ့်နိုင်ငံသားရဲ့ အခွင့်အရေးကိုပဲ ထိန်းသိမ်း ကာကွယ်ပြီး တခြားနိုင်ငံက နိုင်ငံသားများရဲ့ အခြေခံ လူ့အခွင့်အရေးကိုတော့ ကြိုက်သလို ထင်သလို နင်းချေလို့ ရတာလား။

   Webradio