• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဆွီဒင်ရဲများ တရုတ်ခရီးသည်များအား ကြမ်းကြုတ်စွာ လုပ်ဆောင်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဆွီဒင်ဆိုင်ရာ တရုတ်သံရုံး တည်ကြည်လေးနက်စွာ အရေးဆို

(GMT+08:00) 2018-09-16 08:54:40

ဆွီဒင်နိုင်ငံ ဆိုင်ရာ တရုတ်သံရုံးသည် ဒေသစံတော်ချိန် ယခုလ ၁၅ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြီး၊ စက်တင်ဘာလ ၂ ရက်နေ့ နံနက်လင်းအားကြီး အချိန်တွင် စတော့ဟုမ်းမြို့ရှိ တရုတ် ခရီးသည် သုံးဦးအား ဆွီဒင်ရဲများ ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်ခြင်းအပေါ် လွန်စွာ တုံလှုပ် အံ့သြပြီး အမျက်ဒေါသ ဖြစ်မိကြောင်းနှင့် ဆွီဒင် ရဲများ၏ လုပ်ဆောင်မှုကို ပြင်းပြင်းထန်ထန် အပြစ်တင် ရှုတ်ချကြောင်းကို ဖေါ်ပြခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ယခုလ ၂ ရက်နေ့က တရုတ်ခရီးသည် မစ္စတာ ကျင်းနှင့် ၄င်း၏ မိဘတို့သည် ဆွီဒင်သို့ သွားရောက် ခရီးလှည့်လည်ခဲ့စဉ်၊ ဆွီဒင်ရဲများက ၄င်းတို့အား ကြမ်းကြုတ်စွာ သဘောထား လုပ်ဆောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ဆွီဒင်နိုင်ငံ ဆိုင်ရာ တရုတ်သရုံးသည် ဆွီဒင်ရှိ တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် တရားဝင် အခွင့်အရေးကို လွန်စွာ အလေးထားကြောင်း၊ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆွီဒင်ပြည်ဘက်အား တည်ကြေည်လေးနက်စွာ အရေးဆိုခဲ့ပြီ ဖြစ်ကြောင်း၊ သို့သော် လက်ရှိ အချိန်အထိ ဆွီဒင်ပြည်ဘက်သည် တုံ့ပြန်မှု တစ်စုံတခု မပေးသေးကြောင်း သတင်းရရှိပါသည်။

   Webradio