• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟန်ကျင့်သည် ရုရှားသို့ ခရီးလှည့်လည်မည်

(GMT+08:00) 2018-09-15 09:57:51
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်းကော်မတီဝင်၊ နိုင်ငံတော် ကောင်စီ ဒုဝန်ကြီးချုပ် ဟန်ကျင့်သည် ရုရှား အစိုးရ၏ ဖိတ်ကြားချက်အရ၊ ယခုလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ရုရှားသို့ သွားရောက် ခရီးလှည့်လည်မည် ဖြစ်၍၊ ရုရှား ပထမ ဒုဝန်ကြီးချုပ် စီလူအန်နိုဗှ်နှင့် တရုတ်-ရုရှား ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ပဉ္စမ အကြိမ် အစည်းအဝေး ပြုလုပ်ပြီး၊ ဒုဝန်ကြီးချုပ် ကိုဇာဂ်နှင့် တရုတ်-ရုရှား စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ၁၅ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်မည် ဖြစ်ကြောင်း ယခုလ ၁၄ ရက်နေ့က ကြေညာခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။
   Webradio