• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ဗင်နီဇွဲလား သမ္မတနှင့် တွေ့ဆုံ

(GMT+08:00) 2018-09-15 09:49:55

တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ယခုလ ၁၄ ရက်နေ့က ပီကင်း ပြည်သူ့ ခန်းမဆောင်ကြီး၌ ဗင်နီဇွဲလား သမ္မတ မဒူလိုနှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က၊ တရုတ်နိုင်ငံသည် တလျှောက်လုံး ဆိုသလို မဟာဗျူဟာ ရှုထောင့်နှင့် ရေရှည် ရှုထောင့်မှနေ၍ တရုတ်နှင့် ဗင်နီဇွဲလား ဆက်ဆံမှုကို သဘောထား တိုးမြှင့်ပါကြောင်း ပြောကြားပါသည်။

တွေ့ဆုံဆွေးနွေးပွဲ အပြီးတွင် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင် ရှေ့မှောက်၌ နှစ်နိုင်ငံ အစိုးရ၏ Belt and Road တည်ဆောက်မှု လက်တွဲ တွန်းအားပေးရေး နားလည်မှု စာချွန်လွှာနှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်ရေး စာတမ်းများကို ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio