• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကုန်သွယ်ရေးစစ်ပွဲသည် ကိုယ့်ကိုယ်ကိုလည်း ထိခိုက် သူများကိုလည်း ထိခိုက်ဟု ကင်စွမ် ဆို

(GMT+08:00) 2018-09-15 09:43:12

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ တရုတ်နိုင်ငံသည် တရုတ်နှင့် အမေရိကန် ကုန်သွယ်ရေး အငြင်းပွါးမှု ပြဿနာအပေါ် ရည်တည်ချက်မှာ တလျှောက်လုံး ရှင်းလင်း ပြတ်သားကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲသည် ပြဿနာ ဖြေရှင်း နိုင်မည် မဟုတ်ဘဲ ကိုယ့်ကိုယ်ကိုလည်း ထိခိုက်၊ သူများကိုလည်း ထိခိုက်မည်သာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် တစ်ဖက်သား၏ စစ်သား တစ်ထောင်ကို တိုက်ဖျက်သည့် တစ်ချိန်တည်းတွင် မိမိကိုယ်တိုင်လည်း စစ်သား ၈၀၀ ဆုံးရှုံးသည် ဟူသော ဆိုရိုးစကား ရှိပြီး မည်သူက တစ်ထောင် ဆုံးရှုံးသနည်း၊ မည်သူက ၈၀၀ ဆုံးရှုံး သနည်း ဟူသည်ကို ဆွေးနွေးရန်မှာ အဓိပ္ပါယ် လုံးဝ မရှိကြောင်း ယခုလ ၁၄ ရက်နေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

အမေရိကန်က၊ တရုတ်နှင့် အမေရိကုန် သွယ်ရေးစစ်ပွဲတွင် အမေရိကန်၏ ဆုံးရှုံးမှုသည် တရုတ်ပြည်ထက် နည်းသည်ဟု မကြာမီက ဖေါ်ပြခဲ့ကြောင်း သတင်း ရရှိပါသည်။

   Webradio