• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်ကိုးရီးယားသမ္မတမွန်ဂျေအင်သည် ပြုံယန်းသို့ ခရီးလှည့်လည်မည်

(GMT+08:00) 2018-09-14 18:06:44

တောင်ကိုးရီးယားသမ္မတမွန်ဂျေအင်သည် မြောက်ကိုးရီးယားထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်နှင့် ယခုနှစ်တတိယအကြမ်တောင်-မြောက်ကိုးရီးယား ထိပ်သီး ခေါင်းဆောင်များဆွေးနွေးပွဲကို ကျင်းပရန် ယခုလ၁၈ရက်နေ့မှ ၂၀ရက်နေ့အထိ မြောက်ကိုးရီးယားနိုင်ငံပြုံးယန်းမြို့တွင် ခရီးလှည့်လည်မည်ဖြစ်ကြောင်း၊ ယင်းနှင့် ပတ်သက်၍ တောင်ကိုးရီးယားသမ္မတ၏ နိုင်ငံခြားရေးဆိုင်ရာ လုံခြုံရေး အထူးလက်ထောက် မွန်ချွန်အင်က သတင်းထောက်၏မေးမြန်းချက်ကို ဖြေကြားရာတွင် တောင်-မြောက် ကိုးရီးယားနှစ်နိုင်ငံတို့သည် နယ်ပယ်အသီးသီးတွင် ပူးပေါင်း ဆောင်ရွက်မှုနှင့် ကူးလူးဖလှယ်မှုကို တွန်းအားပေးလိုပါက ပထမဦးဆုံး အပြန်အလှန်ယုံကြည်မှုရှိသော ဆက်ဆံရေးကို တည်ဆောက်ရမည်ဖြစ်ကြောင်းပြောကြား ခဲ့သည်ဟု စီအာအိုင်သတင်းအရသိရပါသည်။

   Webradio