တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကောဖုန်းက၊ တရုတ်ပြည် သည်၊ ၈ နှစ်ဆက်တိုက် ရုရှားနိုင်ငံ၏ ပထမအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်လာခဲ့ ကြောင်း၊ ယခုနှစ်အတွင်း တရုတ်-ရုရှားနှစ်ဖက်ကုန်သွယ်မှုသည်၊ လျင်မြန်စွာ တိုးတက်လာ ပြီး၊ ဇန်နဝါရီလမှ သြဂုတ်လအထိ နှစ်ဖက်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၆၇.၅ဘီလီယံအထိရှိကာ၊ ယမန်နှစ် အလားတူအချိန်ပိုင်းကထက်၂၅.၇ ရာခိုင်နှုန်းတိုးလာ ခဲ့ကြောင်း၊ တစ်နှစ်လုံးဆိုလျှင်၊ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ရှိနိုင်ဖွယ် ရှိကြောင်း ယခုလ ၁၃ ရက်နေ့က သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရသည်။