• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အီရန် နျူကလီးယား သဘောတူစာချုပ်ထိန်းသိမ်းကာကွယ်ရန် တရုတ်ကိုယ်စားလှယ် ပန်ကြား

(GMT+08:00) 2018-09-14 14:28:54

     ဗီယင်နာမြို့ရှိ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ တရုတ် အမြဲတမ်း ကိုယ်စားလှယ်သစ် ဝမ်ချွင်က၊ သက်ဆိုင်ရာဘက်များအနေနှင့်၊ အီရန် နျူကလီးယားပြဿနာဆိုင်ရာ ဘက်စုံသဘောတူစာချုပ်အပေါ် အားပေးထောက်ခံ ရန် ယခုလ ၁၂ရက်နေ့က နိုင်ငံတကာ အနုမြူစွမ်းအင်အဖွဲ့ကောင်စီအစည်းအဝေး၌ ပန်ကြားခဲ့ ကြောင်း ဆင်ဟွာသတင်းဌာနက ရေးသားဖော်ပြသည်။

ဆက်လက်၍ ဝမ်ချွင်က အီရန်နျူကလီးယားသဘောတူစာချုပ်သည်၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ စစ်ဆေးခွင့်ပြုပြီးသည့် ဘက်စုံသဘောတူစာချုပ်ဖြစ်ပြီး၊ လက်တွေ့ ဆောင်ရွက်ကာ ထိရောက်မှုရှိကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio