• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

The Belt and Road နှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲအပေါ် အာဆီယံနိုင်ငံ ခေါင်းဆောင်များတန်ဖိုးထားချီးကျူး

(GMT+08:00) 2018-09-13 11:33:44

      ၄ ရက်ကြာကျင်းပမည့် ၁၅ ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၊ တရုတ်-အာဆီယံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးများအစည်းအဝေးကို ယခုလ ၁၂ ရက်နေ့က ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင် အုပ်ချုပ်ရေးဒေသ နန်နင်းမြို့တွင် ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ်ပြပွဲ၏ အဓိက ဆောင်ပုဒ်မှာ "၂၁ရာစု ပင်လယ်ပြင်ပိုးလမ်းမကြီး အတူ တည်ဆောက်ကြ၊ တရုတ်-အာဆီယံဆန်းသစ်တီထွင်ရေးအသိုက်အဝန်းဖွဲ့စည်းကြ"ဟူ၍ ဖြစ်သည်။ ဖွင့်ပွဲအခမ်းအနားတွင် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်တို့သည်၊ တရုတ်ပြည် ၏ The Belt and Road အဆိုပြုချက်နှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲအပေါ် တန်ဖိုးထား ချီးကျူးခဲ့ကြသည်ဟု စီအာအိုင်ကဖော်ပြသည်။

      ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံ ဒု သမ္မတ ဦးမြင့်ဆွေက မြန်မာနိုင်ငံအနေနှင့်၊ The Belt and Road အဆိုပြုချက်ကို အလွန်အလေးထားပြီး၊ The Belt and Road အဆိုပြုချက်သည်၊ ဒေသခံပြည်သူများကြား ချစ်ကြည်ရေးနှင့် ဒေသတွင်း အေးချမ်းတည်ငြိမ်မှုအတွက် အရေးကြီးသော အဓိပ္ပါယ်ပါရှိကြောင်း ပြောကြာခဲ့သည်။

      ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟုန်ဆန်၊ လာအို နိုင်ငံ ဒု ဝန်ကြီးချုပ် ဆွန်ဒီနှင့် ဗီယက်နမ် ဒု ဝန်ကြီးချုပ် ဗမ်ထိန်ဟွေတို့သည်၊ The Belt and Road နှင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲအပေါ် အသီးသီးတန်ဖိုးထားချီးကျူးခဲ့သည်ဟု သတင်းအရသိရသည်။

 

   Webradio