• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် မီဒီယာ အုပ်စု(China Media Group) ဥက္ကဋ္ဌ၊ ဝန်ကြီး ရှင့်ဟိုင်ရှုံ "နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အာရှ မီဒီယာလုပ်ငန်း၏ ရှေ့အလားအလာ"ဖိုရမ်သို့ တက်ရောက် မိန့်ခွန်းပြောကြား

(GMT+08:00) 2018-09-12 17:08:02

တရုတ် မီဒီယာ အုပ်စု(China Media Group) ဥက္ကဋ္ဌ၊ ဝန်ကြီး ရှင့်ဟိုင်ရှုံသည် ယခုလ ၁၂ရက်နေ့က စတုတ္ထအကြိမ် အရှေ့တိုင်း စီးပွားရေး ဖိုရမ်၏ "နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အာရှ မီဒီယာလုပ်ငန်း၏ ရှေ့အလားအလာ"ဖိုရမ်ခွဲသို့ တက်ရောက်  မိန့်ခွန်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့ မိန့်ခွန်းပြောကြားရာတွင် ရှင့်ဟိုင်ရှုံက ခေတ်ကာလသစ် အခြေအနေမျိုးတွင် အာရှ မီဒီယာများ အနေနှင့် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားဖြည့်ပြုလုပ်ပြီး အာရှ၏ အသံနှင့် အတူ သဘောထား ဖော်ပြသင့်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက အာရှ ကံကြမ္မာ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးရန် မီဒီယာများ အနေနှင့် တာဝန် ဝတ္တရားရှိကြောင်း၊ အာရှ မီဒီယာများ အနေနှင့် ကမ္ဘာစည်းစနစ် အဆက်မပြတ် ပြုပြင်ပြောင်းလဲမှုနှင့် ရင်ဆိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သင့်ကြောင်း ဖော်ပြသည်။

   Webradio