• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ၂၀၁၈ တရုတ်ပြည်သို့သွားရောက်မည့်ပညာတော် သင်ကျောင်းသားများအား ပို့ဆောင်နှုတ်ဆက်ပွဲကျင်းပ

(GMT+08:00) 2018-09-12 12:13:54

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည် ယခုလ ၁၁ ရက်နေ့က ရန်ကုန်မြို့၌ အခမ်းအနား ကျင်းပပြီး တရုတ်ပြည်သို့ သွားရောက်ပညာသင်ကြားမည့် မြန်မာပညာတော်သင် ကျောင်းသားများအား ပို့ဆောင်နှုတ်ဆက်ခဲ့သည်။

 နှုတ်ဆက်ပွဲတွင် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးဟုန်လျန့်က လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်အစိုးရသည် လမ်းကြောင်းအမျိုးမျိုးဖြင့် မြန်မာနိုင်ငံကို ပညာရေးထောက်ပံ့မှု ပံ့ပိုးပေးခဲ့ကြောင်း၊ နှစ်နိုင်ငံဗဟိုအစိုးရ ပညာရေးဌာနမှ အစီအစဉ်အပြင် တရုတ်နိုင်ငံသည် တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်ရေး၊ လန်ဆန်-မဲခေါင်းပူးပေါင်း ဆောင်ရွက်ရေး၊ တောင်ဖက်ခြမ်းနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း မြန်မာနိုင်ငံအတွက် စကောလားရှစ်များစွာ ပံ့ပိုးပေးခဲ့ကြောင်း၊ တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနစသည့် ဗဟိုအစိုးရ သက်ဆိုင်ရာဌာနများ၊ ယူနန်ပြည်နယ်၊ ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စသည့် ဒေသန္တရအစိုးရနှင့် ဟောင်ကောင်၊ မကာအိုအထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့သည်လည်း နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံအတွက် စကောလားရှစ် ၊ ထောက်ပံ့ကြေး၊ သင်တန်းအခွင့်အလမ်း များစွာ ပံ့ပိုးပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို ပညာရေးထောက်ပံ့မှု အများဆုံးပေးသည့်နိုင်ငံဖြစ်သည်ဟု ပြောကြားသည်။

   Webradio