• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကွမ်ကျိုး မန္တလေး လေကြောင်းလိုင်း လာမည့်လတွင် ဖွင့်လှစ်မည်

(GMT+08:00) 2018-09-12 12:13:11

  ကျူယွမ်လေကြောင်းကုမ္ပဏီသည် လာမည့်လ ၂ ရက်နေ့တွင် ကွမ်ကျိုးမှ မန္တလေးသို့ လေကြောင်းလိုင်း တရားဝင်ဖွင့်လှစ်မည်ဟု ယခုလ ၁၁ ရက်နေ့က ကွမ်ကျိုးမြို့၌ ကြေညာ ခဲ့သည်။ ယင်းသည် ကွမ်ကျိုးဒေသခံလေကြောင်းကုမ္ပဏီအနေဖြင့် နိုင်ငံတကာဈေးကွက်သို့ ပထမဆုံးအကြိမ် ဝင်ရောက်ခြင်းဖြစ်သည်။ကွမ်ကျိုးမှ မြန်မာနိုင်ငံ မန္တလေးသို့ လေကြောင်း လိုင်းသည် ကျူယွမ်လေကြောင်းကုမ္ပဏီ ဘိုးယင်း ၇၃၇-၈၀၀ လေယာဉ်အသစ်ဖြင့် အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့များတွင် အသွားအပြန် တစ်ကြိမ်စီပျံသန်းမည်ဟု စီအာအိုင်သတင်းအရသိရ သည်။

   Webradio