• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှားဒေ​သန္တ​ရ ခေါင်းဆောင်များဆွေးနွေးပွဲသို့ ရှီကျင့်ဖိန်နှင့်ပူတင် တက်ရောက်

(GMT+08:00) 2018-09-12 11:09:51

      တရုတ်နိုင်ငံတော်ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည်၊ ယခုလ ၁၁ ရက်နေ့က Vladivostok ၌၊ ရုရှား နို်င်ငံသမ္မတပူတင်နှင့်အတူ တရုတ်-ရုရှား ဒသန္တရ ခေါင်းဆောင်များဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်ဟု ဆင်ဟွာသတင်းအရသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် နှစ်နိုင်ငံခေါင်းဆောင်တို့သည်၊ မိန့်ခွန်းအသီးသီးပြောကြားခဲ့ သည်။

ရှီကျင့်ဖိန်က တရုတ်၊ ရုရှားတို့အနေနှင့်၊ တစ်ဖက်က တစ်ဖက်၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံနှင့် အရေးကြီးဆုံး ဘက်စုံမဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်ပြီး၊ ကျယ်ပြန့်တူညီသော ဘုံအကျိုးစီးပွားရှိကြကြောင်းပြောကြားခဲ့သည်။

ပူတင်ကလည်း၊ ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုသည်၊ ရုရှား-တရုတ် ဘက်စုံ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်ဆက်ဆံမှုတွင် အရေးကြီးသော အစိတ် အပိုင်းဖြစ်ကြောင်း ပြောကြာခဲ့သည်။

 ယခုအကြိမ်ဆွေးနွေးပွဲတွင် ခေတ်ကာလသစ်၌ "တရုတ်-ရုရှား ဒေသန္တရ ပူးပေါင်း ဆောင်ရွက်မှု" အကြောင်းကို အဓိကဆွေးနွေးပြီး၊ တရုတ်ပြည်မှ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ ၉ ခုနှင့် ရုရှားနိုင်ငံ ပြည်နယ် ၁၃ ခု မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်ဟု သတင်းအရသိရသည်။

   Webradio