• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဟန်ကျန့်သည် ၁၅ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲသို့ တက်ရောက်လာကြသည့် နိုင်ငံခြားခေါင်းဆောင်များနှင့် တွေ့ဆုံ

(GMT+08:00) 2018-09-12 10:49:28

        တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အမြဲတမ်း အဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ဟန်ကျန့်သည် ယခုလ ၁၁ ရက်နေ့က နန်နင်းမြို့၌ ၁၅ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟုန်စိန်၊ မြန်မာ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဗီယက်နမ် ဒုဝန်ကြီးချုပ် ဗွန်ဒင်ဟွေနှင့် လာအိုဒုဝန်ကြီးချုပ် စိုမဒီ-လွန်ဒီတို့နှင့် အသီးသီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

        ဒုသမ္မတ ဦးမြင့်ဆွေနှင့် တွေ့ဆုံရာတွင် ဟန်ကျန့်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်ပြီး အိမ်နီးချင်းကောင်းနိုင်ငံဖြစ်ကြောင်း၊ ဥက္ကဋ္ဌရှီကျင့်ဖိန်သည် မြန်မာခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာ တွေ့ဆုံပြီး အရေးကြီး သဘောတူညီမှုများရရှိကာ ခေတ်သစ်တွင် တရုတ်-မြန်မာ ဆက်ဆံမှု ဖွံ့ဖြိုးရေးအတွက် လမ်းညွှန်ပေးခဲ့ကြောင်း၊ တရုတ်ပြည်ဘက်သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထောက်ခံပြီး အပြုသဘောဆောင်သောအခန်းမှ ဆက်လက် ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားသည်။

   Webradio