• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Ford နဲ့ IPhone ဘာဖြစ်လို့ အမေရိကန်သို့ ပြန်မရွှေ့ပြောင်းလိုတာလဲ

(GMT+08:00) 2018-09-12 10:37:12

အစောပိုင်းကာလတွေက Harley မော်တော်ဆိုင်ကယ်နဲ့ Iron nail ထွက်ပြေးခဲ့ခြင်း ဖြစ်ပွါးခဲ့ဖူးတယ်။ ယနေ့မှာလဲ Ford နဲ့ IPhone တို့ အမေရိကန်သို့ ပြန်မရွှေ့ပြောင်းလိုတဲ့သတင်း ပေါ်လာပါတယ်။ ကုန်သွယ်ရေးစစ်ပွဲ အဆက်မပြတ် ပြင်းထန် ဆိုးရွား လာနေတဲ့ အခြေအနေမှာ အမေရိကန် လုပ်ငန်းကုမ္ပဏီများဟာ ဈေးကွက် ဥပဒေသနဲ့ ကိုက်ညီတဲ့ ရွေးချယ်မှုများကို ပြုလုပ်နေပါတယ်။

အမေရိကန် မီဒီယာမှ သတင်းအရ၊ အမေရိကန်က အမေရိကန်ဒေါ်လာ တန်ဖိုး ၅၀ ဘီလီယံရှိ တရုတ် ကုန်ပစ္စည်းအပေါ် အခွန် တိုးကောက်ခြင်းကြောင့် သမိုင်း သက်တမ်း ၁၁၄ နှစ် ကြာမြင့်ပြီ ဖြစ်တဲ့ အမေရိကန် Ford မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီဟာ မကြာခင်က မတတ်နိုင်ဘူး ဆိုသလို တရုတ်ပြည်မှာ ထုတ်လုပ်တဲ့ အသေးစား မော်တော်ကားကို အမေရိကန်မှာ ရောင်းချဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။ အကြောင်း ကတော့ အမေရိကန်ရဲ့ အခွန် မြင့်လွန်းအားကြီးတာကြောင့် အနာဂတ်မှာ အမေရိကန်မှာ ရောင်းဈေးလည်း မြင့်လွန်းအားကြီး ဖြစ်သွားမှာကြောင့် ဖြစ်တယ်။ ဒီ့နောက်မှာ အမေရိကန် သမ္မတ ထရန့်က၊ Ford ကုမ္ပဏီရဲ့ ဒီကားမျိုးကို               အမေရိကန်မှာပဲ ထုတ်လုပ်လို့ ရတယ်၊ ဒီလို ဖြစ်ရင် အခွန် ပေးဆောင်ဖို့ မလိုတော့ဘူးလို့ သူ့ရဲ့ တွစ်တာ ထဲမှာ ရေးသားထားတယ်။ ဒါပေမယ့် Ford ကုမ္ပဏီကတော့ အဲဒီ ကားမျိုးကို အမေရိကန်သို့ ပြန်ရွှေ့ပြောင်းပြီး ထုတ်လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ဒီလ ၁၀ ရက်နေ့မှာ တုံ့ပြန် ပြောကြားခဲ့တယ်။

မကြာခင်က အမေရိကန် အကြီးဆုံး သိပံ္ပနည်းပညာ ကုမ္ပဏီ ဖြစ်တဲ့ IPhone ကုမ္ပဏီကလည်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးကို စာ ရေးပို့ပြီး၊ တကယ်လို့ အမေရိကန်က ဒေါ်လာ ဘီလီယံ ၂၀၀ တန်ဖိုးရှိ တရုတ် ကုန်ပစ္စည်း အပေါ် အခွန် တိုးကောက် ပါက၊ IPhone ကုမ္ပဏီရဲ့ ကုန်ကျစရိတ် တိုးလာစေမှာ ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်စွမ်းအား အားနည်းသွားမှု ဖြစ်စေနိုင်တယ်လို့ ဆိုခဲ့တယ်။ IPhone ကုမ္ပဏီဟာ အမေရိကန် သမ္မတ ထရန့်ရဲ့ တိုက်တွန်းချက်အရ အမေရိကန်ကို ပြန်သွားပြီး စက်ရုံ ဖွင့်နိုင်မနိုင် မှန်းဆချက်နဲ့ ပတ်သက်ပြီး အကဲခတ်များက၊ IPhone ကုမ္ပဏီက ဒီလို လုပ်မှာ မဟုတ်ဘူး၊ အဲဒါဟာ IPhone ကုမ္ပဏီရဲ့ ကုန်ကျစရိတ် တိုးစေမှာ ဖြစ်ပြီး နောက်ဆုံးမှာ ယှဉ်ပြိုင်စွမ်းအားကို ထိခိုက်မှာ သေချာတယ်လို့ သုံးသပ်ထားပါတယ်။

Ford နဲ့ IPhone တို့ဟာ တစ်ခုက ဝါရင့် အမေရိကန်လုပ် ဖြစ်ပြီး နောက်တစ်ခုက အမေရိကန် သိပံ္ပပညာ ရှေးပြေး ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့က အမေရိကန်သို့ ပြန်မရွှေ့ပြောင်းလိုတဲ့ အကြောင်းရင်းဟာ အမေရိကန် အစိုးရနဲ့ တမင် ဖိလာဆန့်ကျင်ပြီး လုပ်တာ မဟုတ်ဘဲ၊ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်နေတဲ့ ယနေ့ခေတ်မှာ သူတို့ရဲ့ ကုန်ပစ္စည်းများကို တရုတ်ပြည်မှာ တင်ဆင် ထုတ်လုပ်မှသာ အလုပ်တွင်ကျယ်မှုကို တိုးမြှင့်ပြီး ကုန်ကျစရိတ်ကို ထိရောက်စွာ ထန်းချုပ်နိုင်ကာ အကျိုးအမြတ် အများဆုံး ရရှိနိုင်မှာကြောင့် ဖြစ်ပါတယ်။ သူတို့ရဲ့ရွေးချယ်ခြင်းကနေ အောက်ပါ အဖြစ်မှန်ကို မြင်ရပါတယ်၊ ကုန်သွယ်ရေး စစ်ပွဲ နည်းလမ်းနဲ့ လုပ်ငန်းကုမ္ပဏီများကို အမေရိကန်သို့ အတင်းအဓမ္မ ပြန်ရွှေ့ပြောင်းခိုင်းတဲ့ ကြံစည်မှုမှာ ရှုံးနိမ့်မှာ မုချဧကန်ပါပဲ။

   Webradio