• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင်နှင့်အတူ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးလိုဟု ကင်စွမ် ဆို

(GMT+08:00) 2018-09-12 09:34:49

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်စွမ်က၊ ဖိလစ်ပိုင်က အကြီးစား ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး တရုတ်-အာဆီယံ ကုန်စည်ပြပွဲ တက်ရောက်ခြင်းကို တရုတ်နိုင်ငံက ကြိုဆိုပါကြောင်း၊ တရုတ်နိုင်ငံသည် နှစ်နိုင်ငံ စီးပွါးကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှု ရှင်သန်စွာ တိုးတက် လာအောင်၊ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမို များပြားသော အနှစ်သာရကျသည့် အောင်ကျိုးရလဒ်များကို ရရှိနိုင်အောင် ဖိလစ်ပိုင်နှင့် လက်တွဲ တွန်းအားပေး ကြိုးပမ်းလိုပါကြောင်း ယခုလ ၁၁ ရက်နေ့က ပီကင်း၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

ဖိလစ်ပိုင်သည် လူ ၁၀၀ ကျော် ပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ပြီး ယခုနှစ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio