• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒုတိယ အကြိမ် ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး နိုင်ငံတကာ မီဒီယာ ထုတ်လွှင့်ရေး ဖိုရမ် ၁၉ ရက်နေ့တွင် ကျူးဟိုင်၌ ကျင်းပမည်

(GMT+08:00) 2018-09-12 08:43:47

တရုတ်ပြည် ကွမ်တုန်းပြည်နယ် အစိုးရ ပြန်ကြားရေးရုံးသည် ယခုလ ၁၁ ရက်နေ့တွင် သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြီး ဒုတိယ အကြိမ် ၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး နိုင်ငံတကာ မီဒီယာ ထုတ်လွှင့်ရေး ဖိုရမ် ပြင်ဆင်ရေးလုပ်ငန်း အခြေအနေကို ရှင်းလင်း ပြောကြားခဲ့ကြောင်း၊ ယခုအကြိမ် ဖိုရမ်ကို တရုတ် မီဒီယာ အုပ်စုနှင့် ကွမ်တုန်း ပြည်နယ် အစိုးရတို့ ဦးစီး ပြုလုပ်ခြင်း ဖြစ်ပြီး ကွမ်တုန်းပြည်နယ် အစိုးရ ပြန်ကြားရေးရုံးနှင့် ကျူးဟိုင်မြို့ အစိုးရဌာနတို့ လက်ခံ ကျင်းပခြင်း ဖြစ်ကာ ယခုလ ၁၉ ရက်နေ့တွင် ကျူးဟိုင် မြို့၌ ဖွင့်လှစ်မည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

မီဒီယာအုပ်စု စီအာအိုင်အသံလွှင့်ဌာန ဒုဥက္ကဋ္ဌ ဟူပန်ရှင့်က၊ တရုတ်ကွန်မြူနစ်ပါတီ ၁၉ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ညီလာခံ ကျင်းပခဲ့သည့်နောက်ပိုင်း၊ တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ်မှာ ခေတ်သစ်သို့ ဝင်ရောက်လာပြီး ပင်လယ် ပိုးလမ်းမကြီး တည်ဆောက်ရေးတွင် တိုးတက်အောင်မြင်မှုသစ်များကို ရရှိခဲ့ကြောင်း၊ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်း ဆောင်ရွက်သည့် နှစ် ၄၀ ပြည့် အခါသမယတွင် ယခုအကြိမ် ဖိုရမ်ကို ကျင်းပခြင်းမှာ ခေတ်အဓိပ္ပါယ်နှင့် လက်တွေ့ကျ အဓိပ္ပါယ် ပါရှိပါကြောင်း၊ ကွမ်တုန်းပြည်နယ်သည် ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်းကို ရှေ့ဆောင် ပြုလုပ်သောဒေသ ဖြစ်သည့်အပြင် ပင်လယ် ပိုးလမ်းမကြီး၏ အချက်အချာဒေသလည်း ဖြစ်ကာ ကွမ်တုန်းပြည်နယ် ပင်လယ် ပိုးလမ်းမကြီး တည်ဆောက်ရေးမှာ တရုတ်ပြည်၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေး လုပ်ငန်းသစ်များတွင် ဦးဆောင် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်မည် ဖြစ်ကြောင်း၊ မျက်မှောက်အချိန်၌ တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်မှု ကိုယ်ကျိုးစီးပွါး ကာကွယ်ရေး အဆက်မပြတ် ဦးမော့လာနေသည့် နိုင်ငံတကာ အခြေအနေ၌၊ နိုင်ငံတကာ သြဇာသက်ရောက်မှု ရှိသည့် မီဒီယာ ဌာန အဖြစ်ဖြင့် တရုတ် မီဒီယာအုပ်စုသည် တရုတ်ပြည်အသံကို ရှင်းလင်းပြတ်သားစွာ ထုတ်လွှင့်သွားမှာ ဖြစ်ပြီး စီးပွါးရေး ဂလိုဘယ်လိုက်ဇင်းရှင်းနှင့် ကုန်သွယ်မှု လွတ်လပ်ရေးကို ဦးလည်မသုန် တွန်းအားပေးမည် ဖြစ်ကာ လူသား ကံကြမ္မာ အသိုက်အဝန်း တည်ထောင်ရေးအတွက် အထောက်အကူ ပြုသွားမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုအကြိမ် ဖိုရမ်တွင် "၂၁ ရာစု ပင်လယ်ပိုးလမ်းမကြီး နိုင်ငံတကာ မီဒီယာ ထုတ်လွှင့်ရေး" ပင်မ ဖိုရမ်နှင့် "ကွမ်တုန်း နိုင်ငံတကာ မီဒီယာ ထုတ်လွှင့်ခြင်း"၊ သိပံ္ပနည်းပညာသည် အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစီးခြင်း"နှင့် "ကွမ်တုန်း ဟောင်ကောင် မကာအို ပင်လယ်ကွေ့ဇုန် ခေတ်သစ် အခွင့်အလမ်းများကို အတူ မျှဝေခံစားခြင်း" အပါအဝင် ဖိုရမ်ခွဲ သုံးခုကို တပြိုင်တည်း ကျင်းပမည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။

   Webradio