• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စတုတ္ထအကြိမ် အရှေ့တိုင်း စီးပွားရေး ဖိုရမ် တက်ရောက်ရန် ရှီကျင့်ဖိန် Vladivostokသို့ ရောက်ရှိ

(GMT+08:00) 2018-09-11 15:39:26

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ရုရှား သမ္မတ ပူတင်၏ ဖိတ်ကြားချက်အရ စတုတ္ထအကြိမ် အရှေ့တိုင်း စီးပွားရေး ဖိုရမ်သို့ တက်ရောက်ရန် ယခုလ ၁၁ရက်နေ့က ရုရှား နိုင်ငံ Vladivostokသို့ ရောက်ရှိခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

ယခုအကြိမ် ဖိုရမ်ကို ယခုလ ၁၁ရက်နေ့မှ ၁၃ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း၊ ဖိုရမ်ကျင်းပစဉ် အတွင်း ရှီကျင့်ဖိန်သည် ပူတင်နှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်-ရုရှား စီးပွားကုန်သွယ်ရေး၊ ယဉ်ကျေးမှုနှင့် ဒေသန္တာရ ကူးလူးဖလှယ်ရေးစသည့် လှုပ်ရှားမှုများသို့ အတူ တက်ရောက်ကြမည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ရှီကျင့်ဖိန်သည် ဖိုရမ်သို့ တက်ရောက်သော သက်ဆိုင်ရာ နိုင်ငံများမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံနှုတ်ဆက် မည်ဖြစ်ကြောင်း သိရသည်။

 

   Webradio