• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြန်မာရေကာတာ ရေ​ပိုလွှဲပြိုကျ၊ တရုတ်ပညာရှင် မြန်မာနိုင်ငံသို့ သွားရောက် ကူညီ

(GMT+08:00) 2018-09-11 15:27:40

မြန်မာနိုင်ငံ ပဲခူးတိုင်း ဆွာမြစ်ရေကာတာဟာ သြဂုတ်လ ၂၉ ရက်နေ့မှာ ရေပိုလွှဲပြိုကျမှုကြောင့် ပဲခူးတိုင်းဒေသကြီး မြို့နယ် ၁၇ ခုမှ ရွာ ၈၅ ရွာရှိ လူ ၆ သောင်း ကျော် ရေဘေးသင့်ခဲ့ပါတယ်။ ဆယ်ရက်ကျော်ကယ်ဆယ်မှုဖြင့် ရေဘေးအခြေအနေကို ထိန်းချုပ်ရပြီး လက်ရှိအချိန်မှာ မြန်မာအစိုးရဟာ ရေကာတာပြန်လည်တည်ဆောက် ရေးစီမံကိန်းကို ရေးဆွဲချမှတ်နေပါတယ်။

 ဆွာမြစ်ရေကာတာဟာ ၂၀၀၁ခုနှစ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး ၁၇ နှစ်ကြာပဲ ရေပိုလွှဲ ပြိုကျမှု ဖြစ်ပွားပြီး အနီးတဝိုက်နဲ့ မြစ်ကြေပြည်သူတွေ ဘေးသင့် စေတယ်။ ပြိုကျမှုဖြစ်ပွားပြီးနောက် တရုတ်လျှပ်စစ်ဓါတ်အားတည်ဆောက်ရေးအုပ်စု လီမစ်တက်ကုမ္ပဏီဟာ ရေကာတာပြင်ဆင်ရေးနည်းပညာကို ပံ့ပိုးဖို့ ဆည်မြောင်းတာတမံပညာရှင်များ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး တရုတ်လျှပ်စစ်ဓါတ်အားတည်ဆောက်ရေးအုပ်စုလီမိတက်ကုမ္ပဏီ မြန်မာနိုင်ငံရုံးက မန်နေဂျာ ကုန်ယုံချန်က တရုတ်လျှပ်စစ်ဓါတ်အားတည်ဆောက်ရေးအုပ်စု လီမိတက်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး လုပ်ငန်းဆောင်ရွက်နေတာ နှစ် ၂၀ ကျော်ပြီဖြစ်တယ်။ ဒီတစ်ခါ မြန်မာပြည်သူများ ရေဘေးသင့်ပြီး လူ၆ သောင်း အိုးမဲ့အိမ်မဲ့ဖြစ်နေတာကို တွေ့ရတဲ့အတွက် မိမိတို့ကုမ္ပဏီဟာ မြန်မာပြည်သူတွေကို အတတ်နိုင်ဆုံးကူညီလိုကြောင်း၊ မိမိတို့က ငွေကြေးနဲ့ ပစ္စည်းကို ထောက်ပံ့ကူညီတဲ့အပြင် မိမိတို့ကုမ္ပဏီရဲ့အားသာချက်ကို အသုံးပြုပြီး နည်းပညာဘက်မှာလည်း ထောက်ပံ့ကူညီလိုကြောင်း၊ မိမိတို့ရဲ့နည်းပညာဖြင့် ရေကာတာပြင်ဆင်ရေးလုပ်ငန်းကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်လိုကြောင်း ပြောကြားတယ်။

   စက်တင်ဘာ ၇ ရက်နေ့က တရုတ်လျှပ်စစ်ဓါတ်အားတည်ဆောက်ရေးအုပ်စုက ဆည်မြောင်းတာတမံပညာရှင် ၃ ဦးဟာ ပြိုကျမှုဖြစ်ပွားရာနေရာသို့ သွားရောက်ပြီး မြန်မာ မွေးမြူရေးနဲ့လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းဝန်ကြီးဌာနမှပညာရှင်နဲ့ ကူးလူးဖလှယ်ပြီး လက်တွေ့လေ့လာကြည့်ရှုခဲ့တယ်။

  ရေပိုလွှဲပြိုကျတဲ့အကြောင်းရင်း၊ ရေပိုလွှဲပြင်ဆင်ရေးနဲ့ ကြိုတင်ကာကွယ်ရေးနည်းလမ်းနဲ့ပတ်သက်ပြီး တရုတ်လျှပ်စစ်ဓါတ်အားတည်ဆောက်ရေး အုပ်စု ကူမင်း စူးစမ်းရှာဖွေတိုင်းထွာရေးနဲ့ ဒီဇိုင်းဆွဲရေးဌာန နိုင်ငံတကာဌာနခွဲမှ ခေါင်းဆောင် ချောင်ကျက်ပိုက မူလက ဒီဇိုင်းဆွဲစာရွက်ကို ကျွန်နော်တို့ဖတ်ပြီးပြီ၊ ရေနုတ်ဆည်မြောင်းအောက်မှာ ခိုင်မာစေတဲ့အခြေခံ မရှိတာဟာ သူတို့ ဘာမှမဖြစ်ဘူးလို့ယူဆတယ်၊ ဒါပေမယ့် အုတ်မြစ်ကြောင့် ပြဿနာဖြစ်ကြောင်း၊ သူတို့က အုတ်မြစ်ကို အလေးထားသင့်ကြောင်း၊ ရေလှောင်ဆည်တည်ဆောက်တဲ့အချိန် သိပ်မကြာသေးဘူး၊ ဒါပေမယ့် အဲဒီအချိန်မှာ လုံခြုံမှုကြီးကြပ်စစ်ဆေးရေးနည်းလမ်းကို ထည့်သွင်းမစဉ်းစားထားဘူး၊ ၄င်း ရေလှောင်ဆည်ဟာ ၂၆၇ သန်း ကုဗမီတာရှိပြီး အကြီးစားရေလှောင်ဆည်ဖြစ်၍ ကြီးကြပ်စစ်ဆေးရေး စက်ကိရိယာကို မြှုပ်နှံသင့်ပြီး သတ်မှတ်တဲ့အချိန်အတိုင်း စစ်ဆေးကာ ရေလှောင်ဆည် လည်ပတ်မှုအခြေအနေအပေါ် အကဲဖြတ်သင့်ကြောင်း ပြောကြားတယ်။

   တရုတ်လျှပ်စစ်ဓါတ်အားတည်ဆောက်ရေးအုပ်စု မြန်မာနိုင်ငံအား ကူညီထောက်ပံ့ရေး ပညာရှင်အဖွဲ့ဟာ ဘေးဒဏ်ဖြစ်ပွားပြီး ဘေးသင့်ဒေသသို့ သွားရောက်တဲ့ ပထမအသုတ် နိုင်ငံခြား ပညာရှင်အဖွဲ့ဖြစ်ကြောင်း၊ နည်းပညာထောက်ပံ့မှုအပြင် မြန်မာလယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနအား အမေရိကန်ဒေါ်လာ ၁ သိန်းကို လှူဒါန်းကာ ဘေးသင့်ပြည်သူများ အရေးတကြီးလိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ဘေးသင့်ရာဒေသ သို့ အချိန်မှီ ပို့ဆောင်ခဲ့ကြောင်း သိရတယ်။

   Webradio