• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဝန်ဆောင်မှု ဆိုင်ရာ ကုန်သွယ်မှု ပမာဏ စံချိန်သစ်တင်

(GMT+08:00) 2018-09-11 13:22:30

တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ နောက်ဆုံး ထုတ်ပြန်ခဲ့သည့် ဝန်ဆောင်မှု  ကုန်သွယ်ရေး စာရင်းတွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ တရုတ်ပြည်၏ ဝန်ဆောင်မှု ဆိုင်ရာ သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ၂၉၇၅့၎ဘီလီယံ ရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၉့၉ရာခိုင်နှုန်း တိုးလာကာ စံချိန်သစ် တင်ခဲ့ကြောင်း၊ ယင်းသည် ကုန်ပစ္စည်း ကုန်သွယ်မှုနှင့် ဝန်ဆောင်မှု ဆိုင်ရာ ကုန်သွယ်မှု ပါဝင်သည့် တရုတ်ပြည်၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ပမာဏ၏ ၁၅ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ယင်းအနက် ဝန်ဆောင်မှု ပို့ကုန် ပမာဏ ၁၄့၆ရာခိုင်နှုန်း တိုးလာသကဲ့သို့ ဝန်ဆောင်မှု သွင်းကုန် ပမာဏလည်း ၇့၇ရာခိုင်နှုန်း တိုးလာကာ လိုငွေပြမှု ပမာဏသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ယွမ်ငွေ ၃၇့၁ ဘီလီယံ လျော့နည်းသွားကြောင်း ဖော်ပြသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

ကမ္ဘာ့ ကုန်သွယ်မှု ကိုယ်ကျိုးစီးပွား ကာကွယ်ရေး ဦးမော့လာနေသည့် အခြေအနေ မျိုးတွင် တရုတ်ပြည်၏ ဝန်ဆောင်မှု ကုန်သွယ်ရေး တိုးနှုန်း ၁၀ရာခိုင်နှုန်းခန့် ရှိခြင်းသည် တရုတ်ပြည်၏ စီးပွားရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်လာနေသည့် ရှေ့အလား အလာ တစ်ဆင့်တိုး ခိုင်မာလာခြင်းကို ပြဆိုနေကြောင်း၊ ပိုမိုအရေးကြီးသည့် အချက်ကတော့ ဝန်ဆောင်မှု ကုန်သွယ်ရေး၏ ဖွဲ့စည်းပုံသည် ဆက်တိုက် တရားနည်းလမ်း ကျလာပြီး တက်သစ်စ ဝန်ဆောင်မှု သွင်းကုန်ပို့ကုန်တွင်လည်း လူအများ အာရုံစိုက်ကြ ရသည့်အောင်မြင်မှုလည်း ရရှိကြောင်း စီအာအိုင်က ဖော်ပြသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ တက်သစ်စ ဝန်ဆောင်မှု သွင်းကုန်ပို့ကုန် စုစုပေါင်း ပမာဏမှာ ယွမ်ငွေ ၉၈၈.၈၄ဘီလီယံရှိပြီး ယမန်နှစ် အလားတူ အချိန်ပိုင်း ကထက် ၂၀့၃ရာခိုင်နှုန်း တိုးလာကြောင်း၊ ယင်းတက်သစ်စ ဝန်ဆောင်မှုများတွင် ဆက်သွယ်ရေး ကွန်ဗျူတာနှင့် သတင်းအချက်အလက် ဝန်ဆောင်မှု၊ အာမခံရေး ဝန်ဆောင်မှု၊ ပုဂ္ဂိုလ်ရေး ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး ဝန်ဆောင်မှု ဆိုင်ရာ ပို့ကုန် ပမာဏ၏ တိုးနှုန်းသည် လျင်မြန်ကြောင်း၊ ပညာမူပိုင်ခွင့် အသုံးပြုစရိတ်၊ ငွေကြေး ဝန်ဆောင်မှု၊ ဆက်သွယ်ရေး ကွန်ဗျူတာနှင့် သတင်းအချက်အလက် ဝန်ဆောင်မှု ဆိုင်ရာ သွင်းကုန် ပမာဏ၏ တိုးနှုန်းသည် လျင်မြန်ကြောင်း၊ တရုတ်ပြည်၏ ဝန်ဆောင်မှု ကုန်သွယ်ရေးသည် လွန်ခဲ့သည့် ၁၀နှစ်ကျော်တုန်းက ခရီးသွား၊ လုပ်ငန်းအစီအစဉ် ကန်ထရိုက်ယူခြင်းနှင့် လုပ်အား တင်ပို့မှု အပါအဝင် ပေါကြွယ်ဝသော လူ့စွမ်းအား အရင်းအမြစ်နှင့် သဘာဝ သယံဇာတများကို အပြည့်အဝ အသုံးပြုသည့် ဝန်ဆောင်မှုများမှ အတိုင်ပင်ခံ၊ ငွေကြေး၊ ယဉ်ကျေးမှုနှင့် ဒီဂျစ်တယ် ကုန်သွယ်မှု စသည့် ငွေရင်းနှင့် နည်းပညာ အများအပြား လိုအပ်သော နယ်ပယ်များသို့ ပြောင်းလဲလာပြီး ဖွံ့ဖြိုးမှု အရည်အသွေးနှင့် အရှိန်တို့ အဆက်မပြတ် တိုးမြင့်လာကာ ယှဉ်ပြိုင်နိုင်စွမ်းလည်း တဖြည်းဖြည်း တိုးမြင့်လာကြောင်း စီအာအိုင်က ဖော်ပြသည်။

တရုတ်ပြည်၏ ဝန်ဆောင်မှု ကုန်သွယ်ရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာခြင်းသည် တရုတ်ပြည်နှင့် တစ်ကမ္ဘာလုံး အတွက် အရေးကြီးသည့် အနက် အဓိပ္ပါယ်ရှိကြောင်း၊ ပထမအချက်က တရုတ်ပြည်၏ အန္တရာယ် ခုခံကာကွယ်နိုင်စွမ်းနှင့် တရုတ်ပြည်၏ ဝန်ဆောင်မှု လုပ်ငန်း၏ နိုင်ငံတကာဖြစ်မှု အဆင့် တိုးမြင့်ရေး အတွက် အထောက်အကူ ဖြစ်ကြောင်း၊ ဒုတိယ အချက်ကတော့ တရုတ်ပြည်သည် ဝန်ဆောင်မှု ကုန်သွယ်ရေး အဆင်ပြေစေခြင်း တွန်းအားပေးရေး စနစ် တည်ဆောက်ရေးတွင် မိတ်ဆက်ဖြန့်ချိ ထိုက်သည့် ဖွံ့ဖြိုးရေး အတွေ့အကြုံများ ရရှိပြီး တစ်ပြည်လုံးတွင် တစ်ဆင့်တိုး ဖြန့်ချိကျင့်သုံးနိုင်ကြောင်း၊ ယင်းသည် နိုင်ငံခြား ကုန်သွယ်မှု ဆက်လက် တိုးချဲ့ရေး အတွက် အထောက်အကူ ဖြစ်ကြောင်း၊ တတိယ အချက်က ဝန်ဆောင်မှု ကုန်သွယ်ရေး၏ အရည်အသွေးနှင့် အကျိုးစွမ်းဆောင်မှု တစ်ဆင့်တိုးမြင့်လာခြင်းသည် စီးပွားရေး ဖွဲ့စည်းပုံ ဆက်တိုက် တရားနည်းလမ်းကျခြင်းနှင့် အရည်အသွေး ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး အတွက် ကျားကန်ပေးမှုသစ်ကို ပေးနေကြောင်း ဖော်ပြသည်။

   Webradio