• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာဆီယံဆိုင်ရာ တရုတ်သံတမန်များအဖွဲ့သည်၊ The Belt and Road မိတ်ဆက်ဖြန့်ချိပွဲ ကျင်းပ

(GMT+08:00) 2018-09-11 11:14:28

     ယခုလ ၁၀ ရက်နေ့က အာဆီယံဆိုင်ရာ တရုတ်သံတမန်များအဖွဲ့သည်၊ အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့တော်၌ လမုန့်ပွဲတော်ဧည့်ခံပွဲနှင့် The Belt and Road မိတ်ဆက်ဖြန့်ချိပွဲ ကို ကျင်းပခဲ့ရာ၊ အာဆီယံဆိုင်ရာ တရုတ်သံတမန်များအဖွဲ့မှ ယာယီသံအမတ်ကြီး ကျန်ချင်၊ အာဆီယံ ဆယ် နိုင်ငံနှင့်  အာဆီယံဆိုင်ရာ အာဆီယံ၏ ဆွေးနွေးဖက် နိုင်ငံများ ဖြစ်သည့် ဂျပန်၊ တောင်ကိုးရီးယား၊ အမေရိကန်၊ သြစတြေးလျ၊ နယူးဇီလန်၊ ဥရောပ သမဂ္ဂနှင့် ကနေဒါနိုင်ငံများမှ သံတမန်များအဖွဲ့မှ ဒုတိယကိုယ်စားလှယ်များ၊ အင်ဒိုနီးရှား နိုင်ငံဆိုင်ရာ တရုတ်မီဒီယာကိုယ်စားလှယ်များနှင့် အင်ဒိုနီးရှားမီဒီယာကိုယ်စား လှယ်များ တက်ရောက် ခဲ့ကြကြောင်း စီအာအိုင်ကဖော်ပြသည်။

ယင်းမိတ်ဆက်ဖြန့်ချိပွဲ၌ ယာယီသံအမတ်ကြီး ကျန်ချင်က The Belt and Road အဆိုပြုချက် တင်ပြခဲ့သည့် ၅ နှစ်အတွင်း ရရှိခဲ့သော အရေးကြီးအောင်ကျိုးရလဒ်များနှင့် စပ်လျဉ်း၍၊ မိတ်ဆက်ပေးခဲ့ရုံသာမက၊ The Belt and Road အဆိုပြုချက်ဆိုင်ရာ ပြင်ပမှ သံသဖြစ်မှု၊ အထင်လွဲမှားမှုနှင့် မှားယွင်းသော အပြစ်တင်မှုများကို ရည်စူးပြီး        ကျဉ်းချုံး၍ ရှင်းပြခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio