• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခေတ်သစ်တွင် တရုတ်-အာဖရိက ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တတ်သိပညာရှင်များ အစီရင်ခံစာကို ထုတ်ပြန်

(GMT+08:00) 2018-09-11 09:55:56
တရုတ် လူမှု သိပံ္ပပညာ တံခွန်အသင်းကြီး အနောက် အာဖရိကနှင့် အာရှ ရေးရာ သုတေသနဌာနနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနတို့သည် ခေတ်သစ်တွင် တရုတ်-အာဖရိက ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု တတ်သိပညာရှင်များ အစီရင်ခံစာကို ယခုလ ၁၀ ရက်နေ့က ပီကင်း၌ ထုတ်ပြန် ခဲ့ကြောင်း၊ ယင်း အစီရင်ခံစာတွင် ပင်မ အစီရင်ခံစာနှင့် အစီရင်ခံစာခွဲ ၈ ရပ် ပါဝင်ထားကြောင်း၊ ပင်မ အစီရင်ခံစာမှာ "ခေတ်သစ်တွင် တရုတ်-အာဖရိက ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု၊ အောင်မြင်မှုသစ်၊ အခွင့်အလမ်းသစ်၊ ဆန္ဒသစ်" ဖြစ်ပြီး အစီရင်ခံစာခွဲ ၈ ရပ်မှာ "တရုတ်-အာဖရိက တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး""Belt and Road အဆိုပြုချက်နှင့် တရုတ်-အာဖရိက ကုန်ထုတ် စွမ်းအား ပူးပေါင်းဆောင်ရွက်မှု"၊ "တရုတ်-အာဖရိက ဆင်းရဲမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုနှင့် အတွေ့အကြုံများ မျှဝေရေး" စသဖြင့် ပါဝင်ထားကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio