• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အမျိုးသားနေ့ဆိုင်ရာသီချင်းမိတ်ဆက်

(GMT+08:00) 2018-09-10 16:35:57

အောက်တိုဘာ ၁ ရက်နေ့ဟာ တရုတ် အမျိုးသားနေ့ ဖြစ်ပါတယ်။ အဲဒီ နေ့ထူးနေ့မြတ်မှာ တရုတ်ပြည် တစ်ပြည်လုံးရှိ ဒေသအရပ်ရပ်မှာ ခမ်းနားသိုက်မြိုက်စွာ အထိမ်းအမှတ်ပွဲများ ပြုလုပ်ပါတယ်။ အောက်တိုဘာ ၁ ရက်နေ့ တရုတ် အမျိုးသားနေ့ အထူး အစီအစဉ်မှာ တိုင်းချစ်ပြည်ချစ် သီချင်း လေးပုဒ်ကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

   ပထမ ဦးစွာ အမိနိုင်ငံကို သီဆိုကြစို့ ဆိုတဲ့ သီချင်းကို နားဆင်ရမှာပါ။ ၁၉၅၁ ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့မှာတရုတ်ဝန်ကြီးချုပ်ချူအင်လိုင်ဟာဗဟိုပြည်သူ့အစိုးရအမိန့်ကိုကိုယ်တိုင်လက်မှတ်ရေးထိုးချုပ်ဆိုပြီးတစ်ပြည်လုံးမှာအဲဒီသီချင်းကိုပြန့်ပွါးသီဆိုကြဖို့လှုံ့ဆော်တိုက်တွန်းခဲ့ပါတယ်။အဲဒီသီချင်းဟာနိုင်ငံတော်အရေးကြီးအခမ်းနားများမှာအသုံးပြုပါတယ်။ သီချင်းစာသားထဲမှာ၊ ကြယ်ငါးပွင့်အလံတော်နီလွှင့်ထူနေတယ်၊အောင်ပွဲရသီချင်းသံ ကျယ်လောင်ပါတယ်။ တို့ရဲ့အမိနိုင်ငံအကြောင်းသီဆိုကြစို့၊စည်ပင်သာယာရေးခရီးအတိုင်း ချီတက်ကြစို့လို့ သီချင်းထဲမှာ သီဆိုထား ပါတယ်။

ဒုတိယတစ်ပုဒ်ကတော့ကိုယ်ရဲ့တရုတ်စိတ်နှလုံးသီချင်းကိုထုတ်လွှင့်တင်ဆက်ပေးမှာပါ။ ၁၀၈၄ ခုနှစ်က တရုတ်ဗဟိုရုပ်မြင်သံကြားရဲ့နွေဦးပွဲတော်ညပဒေသာကပွဲမှာအဆိုတော် ကျမ်မင်မင်က ဒီသီချင်းကို သီဆို ခဲ့ပြီးနောက် တစ်နိုင်ငံလုံးမှာ ခေတ်စားလာပါတယ်။ အဲဒီ သီချင်းဟာတရုတ်တေးဂီတအသင်းကချီးမြှင့်ပေးတဲ့ဆုကိုလည်းရရှိခဲ့ပါတယ်။သီချင်းထဲမှာ၊ တောင်နဲ့မြစ်ကို အိပ်မက် ထဲမှာသာ ခဏခဏ မြင်တွေ့နေရတယ်။ ဒါပေမဲ့ ကိုယ်ရဲ့ တရုတ် စိတ်နှလုံးဟာဘယ်လိုမှပြောင်းလဲနိုင်မှာမဟုတ်ဘူး။အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားပေမယ့်ကိုယ်ရဲ့စိတ်ဟာတရုတ်စိတ်ဖြစ်မြဲဖြစ်နေပါတယ်။ယန်စီမြစ်၊မဟာတံတိုင်းကြီး၊ဟွမ်ရှန်းတောင်၊ မြစ်ဝါမြစ်တို့ဟာ ကိုယ့်စိတ်ထဲမှာအမြတ်နိုးဆုံးပဲဖြစ်ပါတယ်။နယ်ခြားမှာရှိရင်လည်း ကိုယ်ရဲ့ တရုတ်စိတ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့ သီဆိုထား ပါတယ်။

တတိယတစ်ပုဒ်အနေနဲ့ကတော့ ခေတ်သစ်သို့ ဝင်ကြစို့ ခေါင်းစဉ် ဖြစ်တဲ့ သီချင်းကို နားဆင်ကြရမှာပါ။ အဲဒီ သီချင်းဟာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာနက ချီးမြှင့်တဲ့ဆုကို ရရှိပါတယ်။ သီချင်းထဲမှာ၊ရဲဝံ့ပြီးကြိုးပမ်းတဲ့တရုတ်လူမျိုးဟာ ခေတ်သစ်သို့ဝင်ရောက်လာနေတယ်၊ပြုပြင်ပြောင်းလဲရေးနဲ့တံခါးဖွင့်ရေးဟာတို့ရဲ့နေထိုင်မှုဘဝ တိုးတက် ချမ်းသာ လာစေတယ်။ ကိုယ့်ကံကြမ္မာကို ကိုယ် ဦးစီး ခြယ်လှယ်မယ်လို့ ကမ္ဘာကြီးကို ပြောပြချင်တယ်။ နွေဦးရာသီ ရောက်ပြီ။ အနာဂတ်ရေးကို ဖန်တီးကြစို့လို့ သီဆိုထားပါတယ်။

နောက်ဆုံးအနေနဲ့ကတော့နွေဦးရာသီပုံပြင်ဆိုတဲ့သီချင်းကိုနားဆင်ကြရမှာပါ။ဒီသီချင်းဟာ တရုတ်ပြည် ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ရေးဆိုင်ရာကိုယ်စားပြုသီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။သီချင်းထဲမှာ၊(၁၉၇၉)ခုနှစ်နွေရာသီမှာဘိုးဘိုးကြီးတစ်ယောက်ကတောင်ပင်လယ် ဘေးနားမှာ စက်ဝိုင်း တစ်ခု ဆွဲပြီး ရွှေတောင် တစ်လုံးကို ထောင်ထား လိုက်တယ်။ ဒီနောက်မှာတစ်နိုင်ငံလုံးမှာနွေဦးကျရောက်လာပါတယ်လို့သီချင်းထဲမှာသီဆိုထားပါတယ်။ဒီသီချင်း(၄)ပုဒ်ကိုတော့တရုတ်အမျိုးသားနေ့ဖြစ်တဲ့အောက်တိုဘာ(၁)ရက်နေ့မှာသောတရှင်များနားဆင်နိုင်ဖို့ထုတ်လွှင့်တင်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတာကိုသတင်းကောင်းပါးတင်ပြလိုက်ရပါတယ်။

   Webradio