• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အန်ရှီချောင်ရွာ ဆင်းရဲမှုပပျောက်ရေးလမ်းစဉ်

(GMT+08:00) 2018-09-10 16:13:09

   တရုတ်နိုင်ငံ စီချွမ်းပြည်နယ် နန်ချုံမြို့ ယိလုံခရိုင်ဟာ ဒီနှစ် ဇူလိုင်လမှာ ဆင်းရဲမှု တရားဝင်ပပျောက်ခဲ့တယ်။ မကြာခင်က တရုတ်နိုင်ငံတော်ကောင်စီ ဆင်းရဲမှု ပပျောက်ရေးနှင့် ဖွံ့ဖြိုးရေး ဦးဆောင်အဖွဲ့ဟာ ဗဟိုမီဒီယာမှ သတင်းထောက်များကို စည်းရုံးပြီး ယိလုံခရိုင် ရှင်ကျင့်မြို့နယ် အန်ရှီချောင်ရွာသို့ သွားရောက်အင်တာဗျူးပြုလုပ်ခဲ့တယ်။ ၄င်းရွာဟာ ၂၀၁၇ခုနှစ်မှာ ဆင်းရဲမှု ပပျောက်တာဖြစ်တယ်။ ဒါပေမယ့် ပြီးခဲ့တဲ့၃နှစ်မှာ ဒီရွာ ဟာ များစွာဆင်းရဲတဲ့ရွာတစ်ရွာဖြစ်နေခဲ့သေးတာပဲ။

အန်ရှီချောင်ရွာ ကွန်မြူနစ်ပါတီအဖွဲ့ ဒုအတွင်းရေးမှူးဖိန်ကျယ်က ၄င်းရွာဟာ ပထဝီ အနေအထားအရ ချောင်ကျပြီး သဘာဝအခြေအနေ ဆိုးရွားကာ လူများပြီး စိုက်ပျိုးမြေနည်းပါး တဲ့အတွက် ရောဂါ၊ မသန်စွမ်း၊ နည်းပညာချို့တဲ့မှုကြောင့် ဆင်းရဲတဲ့အခြေအနေ အတော်သိသာတယ်။ ဒီရွာမှာ အိမ် ၂၅၆ အိမ်ရှိပြီး လူ ၇၅၇ ဦးရှိတယ်။ ၂၀၁၄ခုနှစ်မှာ  မှတ်ပုံတင်ထားတဲ့ ဆင်းရဲသူဦးရေဟာ ၄၉အိမ်မှာ လူ ၁၄၉ ဦးရှိတယ်။ အရင်တုန်းက ရွာထဲမှာ အသက်ကြီးအဘိုးအိုနဲ့ ကလေး ၂၀၀ ကျော်ပဲ အိမ်မှာ နေတယ်။ ကျန်တဲ့လူငယ်တော်တော်များများဟာ အပြင်သွားပြီး အလုပ်လုပ်ကြတယ်။

၂၀၁၄ခုနှစ်မှာ အန်ရှီချောင်ရွာရဲ့ဆင်းရဲမှုပပျောက်ရေးလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ တယ်။ အစိုးရက အခြေခံအဆောက်အဦတည်ဆောက်ရေးကို အားသစ်လောင်းပေးပြီး ၂၀၁၅ ခုနှစ်မှာ  ၆.၅ ကီလိုမီတာရှည်လျားတဲ့ ရွာကားလမ်း တည်ဆောက်ဖို့ ယွမ် သိန်း၂၀၀ ကျော်ကို ထုတ်ပေးခဲ့တယ်။ ကားလမ်းကို တည်ဆောက်ပြီးနောက် ရွာကနေ ခရိုင်ကို ဘတ်စကားနဲ့ သွားရင် နာရီဝက်ပဲကြာတော့တယ်။ အရင်တုန်းက သွားရေးလာရေးခက်ခဲ၊ မြေစိုက်ပျိုးရေးခက်ခဲ၊ ရေရဖို့ခက်ခဲတဲ့ ပြဿနာကို အဆက်မပြတ် ထိရောက်စွာ ဖြေရှင်းခဲ့ရတယ်။ ရွာမှာ ကြက်မွေးမြူရေးခြံ ၊ photovoltaic နေရောင်ခြည်လျှပ်စစ်ဓါတ်အားပေးရေးစက်ရုံ၊ အပန်းဖြေခရီးသွားနေရာ၊ စပျစ်သီး၊ မက်မန်းသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ မက်မုန်သီးစတဲ့စိုက်ပျိုးရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့အတွက် ဒေသခံဆင်းရဲသူတို့ရဲ့ဝင်ငွေဟာ တိုးတက်လာခဲ့တယ်။ ရွာရဲ့ပတ်ဝန်းကျင် သန့်ရှင်းရေးလည်း ပိုမိုကောင်းမွန်လာသဖြင့် ပိုမိုများပြားတဲ့ရွာသူရွာသားများအား ဇာတီရွာကို ပြန်ဖို့ ဆွဲဆောင်နိုင်ခဲ့တယ်။

ဆင်းရဲမှုပပျောက်ပြီး ဝင်ငွေတိုးလာတဲ့ အန်ရှီချောင်ရွာသူရွာသားများဟာ ရည်မှန်းချက် အသစ်ဖြင့် လူနေမှုပတ်ဝန်းကျင်နဲ့ အခြေခံအဆောက်အဦ ကောင်းမွန်လာတဲ့အတွက် ပိုမိုများပြားတဲ့ခရီးသည်ကို လာရောက်ခရီးလှည့်လည်ဖို့ ဆွဲဆောင်လာတယ်။ အန်ရှီချောင်ရွာရဲ့ 3A ရုခင်းသာနေရာတည်ထောင်တဲ့ စီမံကိန်း စတင်ပြီး ငါးမျှားဇုန်၊ ကလေးကစားကွင်း၊ အပန်းဖြေခရီးသွားနေရာ စတဲ့ ဖျော်ဖြေရေးလုပ်ငန်းကို ဆောင်ရွက်မှာဖြစ် ပါတယ်။ အန်ရှီချောင်ရွာဟာ လုပ်ငန်း ပေါင်း ခရီးသွား ဖွံ့ဖြိုးရေးပုံစံဖြင့် သက်သာချောင်ချိတဲ့လူ့ဘောင်အဖွဲ့အစည်းကို ဘက်စုံတည်ထောင်တဲ့ရည်မှန်းချက်သို့ လျှောက်လှမ်းနေပါတယ်။

   Webradio