• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အရှေ့အာရှ အဏ္ဏဝါပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်း ချင်းတောင်ဖိုရမ် ကျင်းပ

(GMT+08:00) 2018-09-10 15:53:16
"စီးပွားရေးမဟာဗျူဟာမြောက် ပင်လယ်သမုဒ္ဒရာ အတူတည်ဆောက် အတူမျှဝေ ခံစားခြင်း" ဆောင်ပုဒ်ဖြစ်သော ၂၀၁၈ခုနှစ် အရှေ့အားရှ အဏ္ဏဝါ ပူးပေါင်းဆောင်ရွကရေး ပလက်ဖေါင်း ချင်းတောင်ဖိုရမ်က ယခုလ ၆ရက်နေ့မှ ၇ရက်နေ့အထိ တရုတ်ပြည်ချင်းတောင်မြို့ အနောက်ပင်လယ်ကမ်းခြေ မြို့သစ်၌ ကျင်းပခဲ့ကြောင်း၊ အရှေ့အာရှ အဏ္ဏဝါပူးပေါင်းဆောင်ရွက်ရေး ပလက်ဖေါင်း ထာဝရကျင်းပရာနေရာဖြစ်၍ ချင်းတောင်နိုင်ငံတကာပြပွဲမြို့သည် ယခုအကြိမ်ဖိုရမ်အတွက်တရားဝင် စတင်အသုံး ပြုခြင်းဖြစ်ကြောင်း တရုတ်ပြည် စီးပွားရေးနေ့စဉ်သတင်းအရ သိရပါသည်။

သဘာဝ သယံဇာတနှင့် အရင်းအမြစ်ဝန်ကြီးဌါနပါတီဦးစီးအဖွဲ့ပါတီဝင်၊ နိုင်ငံတော် အဏ္ဏဝါရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ၀မ်ဟုန်က အရှေ့အာရှ အဏ္ဏဝါပူးပေါင်း ဆောင်ရွက်ရေး ပလက်ဖေါင်းသည် အာဆီယံနှင့် တရုတ်၊ဂျန်ပန်နှင့် တောင်ကိုးရီးယား ပင်လယ်ရပ်ဝန်းပူးပေါင်းဆောင်ရွက်ရေးအတွက် အထင်ကရ လက္ခဏာဆောင်သော အစီအစဉ် စီမံကိန်းဖြစ်ပြီး အနှစ်သာရရှိသောတိုးတက်မှုရရှိခဲ့ သည်ဟုပြောကြားခဲ့သည်။

   Webradio