• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်ဝန်ကြီးချုပ်သည်၊ ဝမ်ယိနှင့် တွေ့ဆုံ

(GMT+08:00) 2018-09-10 14:31:52

      ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် Imran Ahmed Khan Niazi သည်၊ ယခုလ ၉ ရက်နေ့က အစ္စလမ္မာဘတ်မြို့တော်၌ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင်က ဖော်ပြသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ခဲ့ရာ၌၊ Imran က၊ ပါကစ္စတန်နှင့် တရုတ်တို့သည်၊ အချိန်မရွေး မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ ၂ နိုင်ငံဆက်ဆံမှုသည်၊ ၂ နိုင်ငံ အစိုးရတို့၏ ဘုံဆန္ဒ၏အခြေခံအပေါ်တွင် တည်ဆောက်ခဲ့ရုံသာမက၊ ၂ နိုင်ငံပြည်သူများ အကြား နက်ရှိုင်းကြံ့ခိုင်သော ချစ်ကြည်ရေးသံယောဇဉ်အပေါ်တွင်လည်း  အခြေခံထား ကြောင်း ပြောကြားခဲ့ သည်။

ဝမ်ယိကလည်း တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ တည်ဆောက်ရေးသည်၊ ပါကစ္စတန် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကောင်းမွန်စွာ တွန်းအားပေး ခဲ့ပြီး၊ ပြည်စုံချဲ့ထွင်သည့် အဆင့်သစ်သို့ ရောက်ရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရသည်။

   Webradio