• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားခြင်းသည် ရှီဇန့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသစ် ဖြစ်လာ

(GMT+08:00) 2018-09-10 10:37:33

ယခုလ ၈ရက်နေ့က ကျင်းပသော စတုတ္တအကြိမ် ရှီဇန့် ကုန်စည်ပြပွဲ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေး ကန်ထရိုက် စာချုပ်များ ချုပ်ဆိုပွဲ အခမ်းအနားကို တရုတ်ပြည် ရှီဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ လာဆာမြို့တွင် ကျင်းပခဲ့ကြောင်း တရုတ်ပြည် စီးပွားရေး နေ့စဉ် သတင်းစာမှ သတင်းအရ သိရသည်။

ယခုအကြိမ် ရှီဇန့် ကုန်စည်ပြပွဲတွင် လက်မှတ်ရေးထိုး ချုပ်ဆိုသော အစီအစဉ် ၁၀၈ခု၏ စုစုပေါင်း ပမာဏမှာ တရုတ် ယွမ်ငွေ ၅၄ဘီလီယံ ရှိကြောင်း၊ ယင်းအစီအစဉ်များတွင် ဝိသေသ ထူးခြားချက် ပါရှိသော ခရီးသွား ယဉ်ကျေးမှု လုပ်ငန်း အစီအစဉ် ၁၇ခု ပါဝင်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ယွမ်ငွေ ၁၁့၃ဘီလီယံခန့်ရှိပြီး ယခုအကြိမ် ချုပ်ဆိုသော ကန်ထရိုက်စာချုပ်များ၏ စုစုပေါင်း ပမာဏ၏ ရာခိုင်နှုန်း ၂၀ကျော် ရှိကြောင်း သိရသည်။

ယခုအထိ ရှီဇန့် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၏ ယဉ်ကျေးမှု လုပ်ငန်း၏ နှစ်စဉ် ထုတ်လုပ်မှု တန်ဖိုးမှာ ယွမ်ငွေ ၄ဘီလီယံကျော်ရှိပြီး ယဉ်ကျေးမှု ဆိုင်ရာ ခရီးသွားခြင်းသည် ရှီဇန့်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသစ် ဖြစ်လာကြောင်း သိရသည်။

 

   Webradio