• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ရုရှား လယ်ယာစိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု ဆက်တိုက် တိုးတက်လာ

(GMT+08:00) 2018-09-10 09:30:58

တရုတ်နှင့် ရုရှားတို့၏ လယ်ယာထွက်ကုန်ပစ္စည်း ကူးသန်းရောင်းဝယ်မှုမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ အဓိက လုပ်ငန်းနယ်ပယ် တစ်ရပ် ဖြစ်လာနေပြီ။ ၂၀၁၇ ခုနှစ်က နှစ်နိုင်ငံ အကြား လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၄၀၀၀ ကျော် ရှိပါသည်။ ရုရှားမှ တရုတ်ပြည်သို့ တင်သွင်းလာသော ကုန်ပစ္စည်းများမှာ အဓိကအားဖြင့် စားနပ်ရိက္ခာ၊ ဂျုံမှုန့်၊ ပင်လယ်ထွက်ကုန်များ ဖြစ်ပြီး တရုတ်နိုင်ငံက ရုရှားသို့ တင်ပို့ရောင်းချသော ကုန်ပစ္စည်းများမှာ အဓိကအားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ ဖြစ်တယ်။ မျက်မှောက်၌ နှစ်ဖက်တို့သည် လယ်ယာ စိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာထွက်ကုန် အချောကိုင် ထုတ်လုပ်မှု စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့် နေသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ်နိုင်ငံသည် ရုရှား လယ်ယာထွက်ကုန် ဝယ်ယူမှု အများဆုံးသော နိုင်ငံ ဖြစ်သည်။ ၂၀၁၇ ခုနှစ် ဇူလိုင်လမှ ၂၀၁၈ ခုနှစ် မေလ အထိ၊ တရုတ်နိုင်ငံသည် ရုရှား နိုင်ငံမှ ရိက္ခာနှင့် အစားအစာ တန်ချိန်ပေါင်း ၁၂ သန်းကျော်ကို တင်သွင်းပြီး သမိုင်း စံချိန်သစ် တင်နိုင်ခဲ့ပါသည်။ ယင်းတို့အနက် ပဲ သွင်းကုန် ၈၄ တန်လည်း ပါဝင်ထားသည်။ ရုရှား ချေလျာပင်စ်က် ပြည်နယ်မှူး ဒူဘရာဗှ်စကီက၊ တရုတ် လုပ်ငန်းကုမ္ပဏီများက လယ်ယာစိုက်ပျိုးရေးနှင့် လယ်ယာထွက်ကုန် အချောကိုင် နယ်ပယ်တွင် တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကို တိုးမြှင့်ရန် မျှော်လင့်ကြောင်း ပြောကြားပါသည်။

တရုတ် ဟေလုံကျန် ပြည်နယ်မှူး ဝမ်ဝင်ထောင်က၊ ယခု ဟေလုံကျန် ပြည်နယ်သည် ရုရှားနိုင်ငံတွင် စီးပွါးကုန်သွယ်ရေး ပေါင်းဆောင်ရွက်မှုဇုန် ၁၈ ခုကို တည်ထောင်ပြီ ဖြစ်ပြီး ရုရှား၌ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှုကို လုပ်ကိုင်နေသော လုပ်ငန်းကုမ္ပဏီမှာ ၂၀၀ ကျော် ရှိကြောင်း ပြောကြားပါသည်။

   Webradio