• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကင်ဂျုံအန်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00) 2018-09-10 09:24:55

မြောက်ကိုးရီးယား နိုင်ငံတော် တည်ထောင်သည့် နှစ် ၇၀ ပြည့်မြောက်နေ့ ဖြစ်သည့် ယခုလ ၉ ရက်နေ့တွင် တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် မြောက်ကိုးရီးယား လုပ်သားပါတီ ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ကင်ဂျုံအန်အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ ခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

ဝမ်းမြောက်ကြောင်းသဝဏ်လွှာတွင် ရှီကျင့်ဖိန်က၊ တရုတ်နှင့် မြောက်ကိုးရီးယားတို့သည် တောတောင်ရေမြေ ဆက်စပ်သော အိမ်နီးချင်းကောင်း ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာမှာ နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်များ ကိုယ်တိုင် ထူထောင် မွေးထုတ်ခြင်း ဖြစ်ပြီး နှစ်ဖက်စလုံး၏ တန်ဖိုးရှိဓနပင် ဖြစ်ကြောင်း ရေးသားထားပါသည်။

   Webradio