• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မြောက်ကိုးရီးယား နိုင်ငံတော် တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

(GMT+08:00) 2018-09-10 09:23:28

မြောက်ကိုးရီးယားနိုင်ငံသည် နိုင်ငံတော် တည်ထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် ဗိုလ်ရှုခံသဘင်ပွဲနှင့် ပန်းလှည်းများ လှည့်လည်ပွဲကို ယခုလ ၉ ရက်နေ့က ပြုံယမ်းမြို့၌ ကျင်းပခဲ့ကြောင်း ဆင်ဟွာသတင်းအရ သိရပါသည်။

မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်သည် နိုင်ငံရေးနှင့် တပ်မတော် ခေါင်းဆောင်များကို ဦးဆောင်ပြီး အခမ်းအနားများသို့ တက်ရောက်ခဲ့ကြကြောင်း၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှ ဧည့်သည်တော်များ၊ မြောက်ကိုးရီးယားဆိုင်ရာ နိုင်ငံအသီးသီးမှ သံတမန် အရာရှိများ၊ ပင်လယ်ရပ်ခြားရောက် မြောက်ကိုးရီးယားလူမျိုး ကိုယ်စားလှယ်များ စုစုပေါင်း လူ ၃၊၄၊၅ ရာတို့သည်လည်း ပါဝင် ကြည့်ရှုခဲ့ကြကြောင်း သတင်း ရရှိပါသည်။

   Webradio