• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကင်ဂျုံအန်မှ စာရရှိမည်ဟု ထရန့်ဆို

(GMT+08:00) 2018-09-08 16:20:58

အမေရိကန် သမ္မတ ထရန့်က မိမိသည် မြောက်ကိုးရီးယား ထိပ်သီးခေါင်းဆောင် ကင်ဂျုံအန်မှ ရေးသားသည့် စာကို ရရှိမည် ဖြစ်ကြောင်း၊ ၄င်းစာတွင် ပါရှိသည့် အချက်အလက်များ အလွန်အပြုသဘောဆောင်မည်ဟု ယူဆကြောင်း ယခုလ ၇ရက်နေ့က ပြောကြားသည်ဟု ဆင်ဟွာ သတင်းအရ သိရသည်။

ထို့အပြင်၊ ထရန့်က အမေရိကန်နှင့် ကိုးရီးယား ကျွန်းဆွယ် နျူကလီးယား ကင်းမဲ့စေရေးနှင့် ပတ်သက်၍ မကြာခင်က မြောက်ကိုးရီးယားမှ သဘောထားဖော်ပြခြင်း သည် အလွန် အပြုသဘောဆောင်ကြောင်း၊ အမေရိကန်-မြောက်ကိုးရီးယား တွေ့ဆုံ ဆွေးနွေးပွဲတွင် အောင်မြင်မှု များစွာ ရရှိခဲ့ပြီး ဖြစ်ကြောင်းလည်း ပြောကြားသည်။

   Webradio